မင်းတုန်းမင်းသည်
မင်းစည်းစိမ်ကို ခံစားရင်း တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရင်းကာ
သာသနာ့တာဝန်ကို အတတ်နိုင်ဆုံး ကျေပွန်အောင် ထမ်းဆောင်သည်. . . ထို့ကြောင့်
ဗန်းမော်ဆရာတော်ကြီးနှင့် တွေ့ဆုံတိုင်း တရားအားထုတ်လိုကြောင်း
လျှောက်ထားလေ့ရှိပါသည်. .
တစ်ခါသော် နန်းတော်သို့ ဗန်းမော်ဆရာတော်အား ဆွမ်းကပ်ပြီး လျှောက်ထားရာမှာ. .
"တပည့်တော်မှာ
မင်းစည်းစိမ်နဲ့တာဝန်က တစ်ဖက်ရှိနေလို့သာပါ. . ဘုရား တာဝန်သာမရှိရင်
တရားဘာဝနာ စီးဖြန်းနေလိုတော့ကြောင်းပါ ဘုရား. ." ဟု
မင်းတုန်းမင်းကြီးကလျှောက်ထားပါသည်. . .
"ဒကာတော်မင်းမြတ်ဟာ ဘုန်းကြီးနဲ့
တွေ့တိုင်း တောပဲထွက်တော့မလို၊ ဘုန်းကြီးပဲ ၀တ်တော့မလိုနဲ့ ပြောတာကြာပြီ. .
. . . ဒကာတော့ကို ကြည့်ရတာ ပျိုးနုတ်သမားနဲ့ တူနေပြီဟု . ." ဆရာတော်က
မိန့်ပါသည်. .
"ရှင်းလင်းဟောကြားတော်မူပါဦးဘုရား . . ."
ဆရာတော်က ပုံပြင်ကိုစပြောပါတယ်. . . .
"တို့များခေတ်က
ပျိုးနုတ်သမားကောင်းဆိုရင် ဂုဏ်ရှိတယ်. . . . တစ်နေ့သော်
ပန်းသည်ကြီးတစ်ဦးသည် ပန်းရောင်းရင်း ပျိုးခင်းကြီးတစ်ခုအနီးသို့
ရောက်သွားသည်. . . . ထိုအချိန်တွင်. . ခါးပုံစတွင်း ၌ နှီးတစ်စည်း ကို
ညှပ်ထားသော ပျိုးနုတ်သမားတစ်ယောက်လည်း ပျိုးခင်းသို့ရောက်လာသည်.. .
ထို့ကြောင့်ပန်းသည်ကြီးသည်
အပန်းလည်းဖြေရင်း ပျိုးနုတ်သည်ကို ကြည့်မည်ဟု သစ်ပင်ကြီး တစ်ပင်အောက်တွင်
ဝင်ရောက်နားလေသည်....။ပျိုးနုတ်သမား က ဦးစွာ နှီးစည်းကို
ရေစိမ်ထားလိုက်သည်. . . . "ထမင်းစားပြီးမှ နုတ်လဲ ခဏပါပဲ လေ. . ."
ထိုသူရေရွတ်လိုက်သော
အသံကို ပန်းသည်ကြီးက ကြားကာ ထိုသူ ထမင်းစားပြီးနောက် ပျိုးနုတ်သည်ကို
စောင့်ကြည့် ဦးမည်ဟု စိတ်ကူးကာ
ဆက်စောင့်နေသည်....။ပျိုးနုတ်မည့်သူသည်....။ ဆေးလိပ်တစ်လိပ်ကို
မီးညှိရှိုက်ဖွာလိုက်သည်. . .ထို့နော်က ပုဆိုးကု ခေါင်းအုံးကာ
အညောင်းဆန့်လှဲအိပ်နေလိုက်သည်. . .
"ဒီပျိုးခင်းလေးလောက်များ
နေအေးမှ နုတ်လဲခဏပဲ . . မှိန်းလိုက်ဦးမည်. . . . " ဟိုက အိပ်သည်. .
ပန်းသည်လည်း "ကြားရတာ ပျိုးနုတ်တော်တော် တော်မည့်သူပဲ စောင့်လက်စနဲ့
ဆက်စောင့်လိုက်ပါ့မယ်လေ. . . " ဟု တွေးက အညောင်းဆန့်က စောင့်လေသည်. .။
ပျိုးနုတ်မည့်သူ အိပ်ရာမှ
နိုးလာသည်...။ပန်းသည်လည်း စောင့်ဆဲ..."နေကလည်း တယ်အကျမြန်တာကိုး . . .ခုမှ
နုတ်လဲ အချိန်မမှီတော့ပါဘူး. . . .မနက်ကျမှပဲ နုတ်ပါတော့မယ်. .." . . ဟု
ပျိုးနုတ်သများက ရေရွတ်ပြောဆိုသည်. . .။
ပန်းသည်ခမျာ ပျိုးနုတ်သည်ကို
ကြည့်ရန် အားခဲထားသည်. . .ယခုတော့ နေကလည်း ညိုပြီ. . .
ပန်းအချို့လည်းညှိုးပြီ. . . . ဆက်မရောင်းနိုင်တော့ ပဲ အိမ်သို့သာ
ပြန်ခဲ့ရတော့သည်. . .
"ဒီသဘောပါပဲ ဒကာတော် ရေမြေ့ရှင်. .
၊ဒကာတော် တောထွက်နိုး၊ တရားဘာဝနာ စီးဖြန်းနိုးနဲ့ စောင့်ခဲ့တာကြာပါပေကော. .
. အချိန်ကုန် စာကြည့်ပျက်တာပါပဲ. . . . ."
ပုံပြင်ကို အဆုံးသတ်ပြီးနောက်
ဆရာတော်လည်း ဗန်းမော်ကျောင်းတိုက်သို့ ပြန်လည်၍ ကြွခဲ့လေသည်. . . .
မင်းတုန်းမင်းမှာ မည်သို့မျှ မလျှောက်သာ. . . . ဆရာတော်ကို မျက်စိတစ်ဆုံး
ဖူးမျှော်ဦးတင်ကာ ကျန်ခဲ့လေသည်. . . .
0 comments:
Post a Comment