Tuesday, 7 October 2014

 
 
 
မင်းတုန်းမင်းသည် မင်းစည်းစိမ်ကို ခံစားရင်း တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရင်းကာ သာသနာ့တာဝန်ကို အတတ်နိုင်ဆုံး ကျေပွန်အောင် ထမ်းဆောင်သည်. . . ထို့ကြောင့် ဗန်းမော်ဆရာတော်ကြီးနှင့် တွေ့ဆုံတိုင်း တရားအားထုတ်လိုကြောင်း လျှောက်ထားလေ့ရှိပါသည်. .

တစ်ခါသော် နန်းတော်သို့ ဗန်းမော်ဆရာတော်အား ဆွမ်းကပ်ပြီး လျှောက်ထားရာမှာ. .
"တပည့်တော်မှာ မင်းစည်းစိမ်နဲ့တာဝန်က တစ်ဖက်ရှိနေလို့သာပါ. . ဘုရား တာဝန်သာမရှိရင် တရားဘာဝနာ စီးဖြန်းနေလိုတော့ကြောင်းပါ ဘုရား. ." ဟု မင်းတုန်းမင်းကြီးကလျှောက်ထားပါသည်. . .

"ဒကာတော်မင်းမြတ်ဟာ ဘုန်းကြီးနဲ့ တွေ့တိုင်း တောပဲထွက်တော့မလို၊ ဘုန်းကြီးပဲ ၀တ်တော့မလိုနဲ့ ပြောတာကြာပြီ. . . . . ဒကာတော့ကို ကြည့်ရတာ ပျိုးနုတ်သမားနဲ့ တူနေပြီဟု . ." ဆရာတော်က မိန့်ပါသည်. .

"ရှင်းလင်းဟောကြားတော်မူပါဦးဘုရား . . ."

ဆရာတော်က ပုံပြင်ကိုစပြောပါတယ်. . . .
"တို့များခေတ်က ပျိုးနုတ်သမားကောင်းဆိုရင် ဂုဏ်ရှိတယ်. . . . တစ်နေ့သော် ပန်းသည်ကြီးတစ်ဦးသည် ပန်းရောင်းရင်း ပျိုးခင်းကြီးတစ်ခုအနီးသို့ ရောက်သွားသည်. . . . ထိုအချိန်တွင်. . ခါးပုံစတွင်း ၌ နှီးတစ်စည်း ကို ညှပ်ထားသော ပျိုးနုတ်သမားတစ်ယောက်လည်း ပျိုးခင်းသို့ရောက်လာသည်.. .
ထို့ကြောင့်ပန်းသည်ကြီးသည် အပန်းလည်းဖြေရင်း ပျိုးနုတ်သည်ကို ကြည့်မည်ဟု သစ်ပင်ကြီး တစ်ပင်အောက်တွင် ၀င်ရောက်နားလေသည်....။ပျိုးနုတ်သမား က ဦးစွာ နှီးစည်းကို ရေစိမ်ထားလိုက်သည်. . . . "ထမင်းစားပြီးမှ နုတ်လဲ ခဏပါပဲ လေ. . ."
ထိုသူရေရွတ်လိုက်သော အသံကို ပန်းသည်ကြီးက ကြားကာ ထိုသူ ထမင်းစားပြီးနောက် ပျိုးနုတ်သည်ကို စောင့်ကြည့် ဦးမည်ဟု စိတ်ကူးကာ ဆက်စောင့်နေသည်....။ပျိုးနုတ်မည့်သူသည်....။ ဆေးလိပ်တစ်လိပ်ကို မီးညှိရှိုက်ဖွာလိုက်သည်. . .ထို့နော်က ပုဆိုးကု ခေါင်းအုံးကာ အညောင်းဆန့်လှဲအိပ်နေလိုက်သည်. . .

"ဒီပျိုးခင်းလေးလောက်များ နေအေးမှ နုတ်လဲခဏပဲ . . မှိန်းလိုက်ဦးမည်. . . . " ဟိုက အိပ်သည်. . ပန်းသည်လည်း "ကြားရတာ ပျိုးနုတ်တော်တော် တော်မည့်သူပဲ စောင့်လက်စနဲ့ ဆက်စောင့်လိုက်ပါ့မယ်လေ. . . " ဟု တွေးက အညောင်းဆန့်က စောင့်လေသည်. .။

ပျိုးနုတ်မည့်သူ အိပ်ရာမှ နိုးလာသည်...။ပန်းသည်လည်း စောင့်ဆဲ..."နေကလည်း တယ်အကျမြန်တာကိုး . . .ခုမှ နုတ်လဲ အချိန်မမှီတော့ပါဘူး. . . .မနက်ကျမှပဲ နုတ်ပါတော့မယ်. .." . . ဟု ပျိုးနုတ်သများက ရေရွတ်ပြောဆိုသည်. . .။

ပန်းသည်ခမျာ ပျိုးနုတ်သည်ကို ကြည့်ရန် အားခဲထားသည်. . .ယခုတော့ နေကလည်း ညိုပြီ. . . ပန်းအချို့လည်းညှိုးပြီ. . . . ဆက်မရောင်းနိုင်တော့ ပဲ အိမ်သို့သာ ပြန်ခဲ့ရတော့သည်. . .

"ဒီသဘောပါပဲ ဒကာတော် ရေမြေ့ရှင်. . ၊ဒကာတော် တောထွက်နိုး၊ တရားဘာဝနာ စီးဖြန်းနိုးနဲ့ စောင့်ခဲ့တာကြာပါပေကော. . . အချိန်ကုန် စာကြည့်ပျက်တာပါပဲ. . . . ."

ပုံပြင်ကို အဆုံးသတ်ပြီးနောက် ဆရာတော်လည်း ဗန်းမော်ကျောင်းတိုက်သို့ ပြန်လည်၍ ကြွခဲ့လေသည်. . . . မင်းတုန်းမင်းမှာ မည်သို့မျှ မလျှောက်သာ. . . . ဆရာတော်ကို မျက်စိတစ်ဆုံး ဖူးမျှော်ဦးတင်ကာ ကျန်ခဲ့လေသည်. . . .

လူငယ်များကို ဦးစားပေးသော ဗုဒ္ဓ၀ါဒ

  ဗုဒ္ဓ၀ါဒ ဟူသည် လူငယ်များကို ဦးစားပေးသောဝါဒ၊လူငယ်များကို နေရာပေးသော

ဝါဒပင် ဖြစ်ပေသည်။မြတ်စွာဘုရားသည် တရားဟောတော်မူရာ၌အရှင်သာရိပုတ္တရာနှင့်

အရှင်မောဂ္ဂလာန်တို့ကိုလက်ျာလက်ဝဲရံ၍ ရှေ့ဆုံးတန်းမှာ နေရာပေးတော်မူပါသည်။

ဒုတိယတန်း၌မူ အညာသိကောဏ္ဍည မထေရ်ကြီးက မြတ်စွာဘုရား၏ နောက်တည့်တည့်မှ

ထိုင်ရပြီး ထိုမထေရ်ကြီး၏ လက်ဝဲလက်ျာ၌ သံဃာတော်များ နေရာယူကြရပေသည်။

သက်တော်ရ မထေရ်ကြီးကို နောက်မှာထားပြီး အဂ္ဂသာဝက နှစ်ပါးကို ရှေ့ဆုံးတန်းမှာ

ဝန်းရံထားခြင်းသည် အရည်အချင်းရှိသော လူငယ်များအပေါ်ထားရှိသော ဗုဒ္ဓ၏

စိတ်နေသဘောထားကိုဖော်ပြလိုက်ခြင်းပင် ဖြစ်ပေသည်။ဤသာဓက ကို ကြည့်ရှူ့၍

ဗုဒ္ဓ၀ါဒ သည် လူငယ်များကို ဦးစားပေးသော ၀ါဒ ဖြစ်ကြောင်းသိသာထင်ရှား လှပေသည်။


လူငယ်များသည် သွက်လက်သည်၊ ထက်မြက်သည်၊ ရိုးသားသည်၊ ကြိုးစားသည်၊

နိုးကြားသည်၊တိုးပွါးသည်၊ သစ္စာကို မြတ်နိုးသည်၊ ဓမ္မကို မြတ်နိုးသည်၊

သစ္စာကို မြတ်နိုးရာ ဓမ္မကို မြတ်နိုးရာတို့၌ လူငယ်နှင့် လူကြီးလုံးဝမတူညီပေ။

လူငယ်များသည် လူကြီးများထက် ဣနြေ္ဒသိက္ခာနှင့် ကိုယ်ကျင့်တရားဘက်က

အားနည်းသူများရှိကောင်းရှိပေလိမ့်မည်။

သစ္စာကို မြတ်နိုးရာ ဓမ္မကို မြတ်နိုးရာ၌ကား လူကြီးများကလူငယ်များကို လုံးဝမမှီနိုင်၊ လုံးဝမယှဉ်နိုင်ပါပေ။

ထိုလူငယ်များ သစ္စာလမ်းမပေါ်၌ မားမားမတ်မတ် ရပ်တည်နိုင်ရန်၊

ဓမ္မလမ်းကြောင်းအတိုင်းဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင်ရန်

အကောင်းဆုံးသော နည်းလမ်းမှာ ရေဆန်ကိုလှော်ခတ်ပြခြင်းပင် ဖြစ်ပါသည်။

ရေဆန်ကို လှော်ခတ်ရာ၌ သတိရှိရသည်၊ ၀ိရိယရှိရသည်၊ အားမာန်သတ္တိတို့

အပြည့်အ၀ရှိရသည်။ စိတ်ဓာတ်ကြံ့ခိုင်ရသည်၊ ဇွဲကြီးရသည်၊ အကြံဥာဏ်ကောင်းရသည်၊

သို့မှသာ လိုရာခရီးသို့ အရောက်တက်လှမ်းနိုင်မည် ဖြစ်ပေသည်။

ဗုဒ္ဓ၀ါဒ အရ သာသနာပြုခြင်းဆိုသည်မှာ ရေဆန်ကို လှော်ခတ်ခြင်းပင် ဖြစ်သည်။

ရေဆန်ကို လှော်ခတ်ခြင်းဟူသည် လောကရေစီးကြောင်းအတိုင်း လိုက်ပါမသွားဘဲ

ဗုဒ္ဓမျက်နှာကိုသာ ကြည့်ရှူ့၍ အလုပ်လုပ်ရခြင်း ဖြစ်ပေ၏။

လောကရေစီးကြောင်းဆိုသည်မှာ လာဘသက္ကာယ သိလောကကြောင့် အဂတိတရား

လိုက်စားခြင်း၊ ဘုရားမျက်နှာမကြည့်ဘဲ အများမျက်နှာကိုသာ ကြည့်ရှူ့ခြင်း၊

ဓမ္မ ကို မျက်ကွယ်ပြုခြင်းပင် ဖြစ်ပေသည်။

သာသနာတော်ကြီး ရေရှည်တည်တံ့လိုပါလျှင် လောကရေစီးကြောင်းကို

ပြောင်းပြန်ကူးခတ်နိုင်ရပေလိမ့်မည်။ ထိုသို့ ပြောင်းပြန်ကူးရန် စွမ်းနိုင်သူများမှာ

လူငယ်များပင် ဖြစ်ပေသည်။

လောကရေစီးကြောင်းကို ပြောင်းပြန်လှော်ခတ်ခြင်းနှင့် ပတ်သက်၍ ဦးဇင်းတို့ ငယ်စဉ်က

ပညာသင်ရာကြားခဲ့သော မစိုးရိမ်တိုက်သစ်ရှိ မဟာနာယက ဆရာတော်

ဦးရာဇဓမ္မာဘိဝံသအမြဲကျင့်သုံးပြီး အမြဲသြ၀ါဒပေးလေ့ရှိသည့်

ဆောင်ပုဒ်လေး တခုရှိပေသည်။

ထိုဆောင်ပုဒ်မှာ “ မင်းတို့လိမ္မာဖို့ ငါမိုက်ပြမည်” ဟူ၍ ဖြစ်ပါသည်။

ထိုဆောင်ပုဒ်အတိုင်းပင် ဆရာတော် ဦးရာဇဓမ္မ သည် တပည့်များကို အုပ်ချုပ်ရာ၌

ခပ်မာမာ ခပ်တင်းတင်း အုပ်ချုပ်လေ့ရှိပါ၏။ ထိုသို့ စည်းကမ်းတင်းကြပ်စွာ

အုပ်ချုပ်သော်လည်း တပည့်များက ဆရာတော်၏ စိတ်နေသဘောထားနှင့်

စေတနာအရင်းခံကို သိထားပြီး ဖြစ်သောကြောင့် ဆရာတော်အား

ချစ်ကြောက်ရိုသေသောအားဖြင့် ကြည်ညိုလေးစား

အားထားကြသည်ကို တွေရှိရပေသည်။

သို့ဖြစ်၍ အနာဂတ်သာသနာကို သန့်ရှင်းဝင်းပစွာ မြင်လိုပါလျှင် အမိုက်ခံပြီး

စောင့်ရှောက်မည့် လူငယ်များ အစဉ်မပြတ် မွေးဖွါးနိုင်ဖို့ အရေးတကြီး လိုအပ်လှပေ၏။

ဘာသာ သာသနာကို ထိပါးလာလျှင် မခံချင်သော၊ ဓမ္မကို အစွန်းအထင်း မခံလိုသော၊

ဓမ္မနယ်မြေကို တစ်လက်မမျှ အပွန်းပဲ မခံနိုင်သော သွက်လက်ထက်မြက်သည့်

လူငယ်များ ပေါ်ပေါက်လာဖို့ လိုအပ်လှပေ၏။

သို့သော် လူငယ်များ သတိထားရမည်မှာ “၀ိဇ္ဖာ”ဆိုသည့်

လေးစားလောက်သည့် အရည်အချင်းရှိရမည်။

“စရဏ” ဆိုသည့် ကိုယ်ကျင့်တရား၊ ၀ိရိယတရားနှင့် ဣနြေ္ဒသိက္ခာပြည်စုံရပေမည်။

သို့မှသာ အနာဂတ်သာသနာကို ပုခုံးပြောင်း၍ ထမ်းဆောင်နိုင်ပေလိမ့်မည်။

သို့မဟုတ်လျှင်မူ လူငယ်များ၏ ဓမ္မကို မြတ်နိုးသည့်စိတ်၊ သစ္စာကို မြတ်နိုးသည့်စိတ်နှင့်

အားမာန်သတ္တိတို့သည် တိမ်မြုတ်ပျောက်ကွယ်သွားပေလိမ့်မည်။

ထိုအခါ မျှော်လင့်ချက်မရှိတော့သည့် မျိုးဆက်ကြီးနှင့် ထူးမခြားနားပင်

လောကရေစီးကြောင်းပေါ်တွင် အရှက်မဲ့စွာ မျောပါရလေတော့မည်။

ထိုသို့ဆိုလျှင် သာသနာသည် အဘယ်သို့ ရေရှည်တည်တန့် နိုင်ပါတော့မည်နည်း။

ထိုကြောင့် လူငယ်များကို ၀ိဇ္ဖာနှင့် ပြည့်စုံဖို့၊ စရဏ နှင့် ပြည့်စုံဖို့ တိုက်တွန်းရခြင်း ဖြစ်ပါ၏။

အရက်ကို ရေအမှတ်ဖြင့်သောက်ချင်သူများ

ဗန်းမော်ဆရာတော်ကြီး အား ဒကာတစ်ဦးမှ အရက်သေစာနှင့်ပတ်သက်၍ သူငယ်ချင်း ၂ ဦး အငြင်း အခုံ ဖြစ်သဖြင့် မေးလျှောက်ခွင့်တောင်း ရာ ဆရာတော် က ခွင့်ပြုတော်မူပါသည်. . .


"အရက်သေစာကို ရေအဖြစ်နဲ့ စိတ်က ပြဌာန်းသောက်ရင် အပြစ်ရှိမရှိဘူးဆိုပြီး အငြင်းအခုံဖြစ်တာပါ ဘုရား ဆရာတော်ကပဲ ဆုံးဖြတ်ပေးတော်မူပါဘုရား . . " ဟု ဒကာ ဖြစ်သူ က လျှောက်ထားပန်ကြားအပ်ပါသည်. . .

ဆရာတော် က. . . . "ဒကာ က ဘယ်ဘက်ကလဲ. . အပြစ်ရှိတဲ့ ဘက်ကလား ၊ အပြစ်မရှိတဲ့ဘက်ကလား . . "

" အရက်ကို ရေ အဖြစ်နဲ့ စိတ်က ပြဌာန်းပြီး သောက်ရင် အပြစ်မရှိဘူးလို့ "တပည့်တော် ကထင်ကြောင်းပါဘုရား . . ဟုလျှောက်ထားလေသည်. . . .

ဆရာတော် က " ဘာကြောင့် ဒီလိုထင်ရသတုံးကွယ့်. . ဒကာ "

ဒကာက " စိတ်သာရှင်စော ဘုရား ဟော၊ စိတ်သာ ပဓာန ဆိုတဲ့ စကားများရှိတယ် မဟုတ်လား ဘုရား . . . "

"ကောင်းပါလေ့ကွယ် " ဟုပြောပြီး . . . . .

ဆရာတော် မှ ဥပမာဖြင့်ရှင်းပြလေသည်. . .

"မြွေပွေးတစ်ကောင်ကို မြက်လျှော တစ်ကောင်လို့ အမှတ်ထားပြီး အမြီးကို ကိုင်ရင် ဘာဖြစ်မလဲကွယ်. . "

"မြွေပွေး က ပေါက်မှာပါ ဘုရား "

"ကိုက်မိရင်ရော အဆိပ်မတက်ဘူးလား "

"တက်မှာပါ ဘုရား "

"အဲဒီတက်တဲ့ အဆိပ်ဟာ ဒကာကြီး အမှတ်ထားတဲ့ မြက်လျှောအဆိပ်ဖြစ်မလား ၊ မြွေပွေးအဆိပ်ဖြစ်မလား . . "

"မြွေပွေး အဆိပ်ပဲ ဖြစ်မှာပါ ဆရာတော်. . "

"မြွေပွေးအဆိပ်ဆိုရင် သေနိုင်မလား ၊ မသေနိုင်ဘူးလား . . . ."

"သေနိုင်ပါတယ် ဘုရား . . . "

"အဆိပ်သတ္တိကို စိတ်နဲ့မှတ်ပြီး လောင်းလို့ရနိုင်ပါ့မလား . . . "

"မရနိုင်ကြောင်းပါ. . ဘုရား "

"ဒါဆို မြွေပွေးဆိုတာ အဆိပ်တက်မှန်းသိရက်နဲ့ မြွေပွေးကို မြက်လျှောဆိုပြီး ကိုင်ရဲပါ့မလား ဒကာကြီး . . . "
"မကိုင်ဝံ့ပါဘူး ဘုရား . . . "

"ဒီသဘောပဲ ဒကာကြီး အရက်ကို ရေအမှတ်နဲ့ သောက်တော့ အရက်ရဲ့သတ္တိပြမလား ၊ ရေရဲ့ သတ္တိပြမလား . . . "

"အရက်ကို သောက်ရင် အရက်သတ္တိပြမှာပါ ဘုရား . . . "

"အရက်သတ္တိပြရင် မူးမလား ၊ မမူးဘူးလား . . . . "

"မူးမှာပါ ဘုရား . . . . . "

"မူးပြီး . . . မသင့်မလျော် မဖွယ်မရာတွေ ဖြစ်တော့ အပြစ်ဖြစ်တော့မပေါ့ ဒီတော့ အရက်ကို ဘာအမှတ်နဲ့ သောက်သောက် အရက်ဟာ အရက်ပါပဲ . . အပြစ်ဟာ အပြစ်ပါ ပဲ ဒကာ. . . . "
ဟု ဆရာတော် က မိန့်တော် မူလေသည်. . . .

နေဘုန်းဝေ (ဗန်းမော်ဆရာတော်စွယ်စုံပုံပြင်များ)

ဗန်းမော်ဆရာတော်ကြီး အား ဒကာတစ်ဦးမှ အရက်သေစာနှင့်ပတ်သက်၍ သူငယ်ချင်း ၂ ဦး အငြင်း အခုံ ဖြစ်သဖြင့် မေးလျှောက်ခွင့်တောင်း ရာ ဆရာတော် က ခွင့်ပြုတော်မူပါသည်. . .


"အရက်သေစာကို ရေအဖြစ်နဲ့ စိတ်က ပြဌာန်းသောက်ရင် အပြစ်ရှိမရှိဘူးဆိုပြီး အငြင်းအခုံဖြစ်တာပါ ဘုရား ဆရာတော်ကပဲ ဆုံးဖြတ်ပေးတော်မူပါဘုရား . . " ဟု ဒကာ ဖြစ်သူ က လျှောက်ထားပန်ကြားအပ်ပါသည်. . .

ဆရာတော် က. . . . "ဒကာ က ဘယ်ဘက်ကလဲ. . အပြစ်ရှိတဲ့ ဘက်ကလား ၊ အပြစ်မရှိတဲ့ဘက်ကလား . . "

" အရက်ကို ရေ အဖြစ်နဲ့ စိတ်က ပြဌာန်းပြီး သောက်ရင် အပြစ်မရှိဘူးလို့ "တပည့်တော် ကထင်ကြောင်းပါဘုရား . . ဟုလျှောက်ထားလေသည်. . . .

ဆရာတော် က " ဘာကြောင့် ဒီလိုထင်ရသတုံးကွယ့်. . ဒကာ "

ဒကာက " စိတ်သာရှင်စော ဘုရား ဟော၊ စိတ်သာ ပဓာန ဆိုတဲ့ စကားများရှိတယ် မဟုတ်လား ဘုရား . . . "

"ကောင်းပါလေ့ကွယ် " ဟုပြောပြီး . . . . .

ဆရာတော် မှ ဥပမာဖြင့်ရှင်းပြလေသည်. . .

"မြွေပွေးတစ်ကောင်ကို မြက်လျှော တစ်ကောင်လို့ အမှတ်ထားပြီး အမြီးကို ကိုင်ရင် ဘာဖြစ်မလဲကွယ်. . "

"မြွေပွေး က ပေါက်မှာပါ ဘုရား "

"ကိုက်မိရင်ရော အဆိပ်မတက်ဘူးလား "

"တက်မှာပါ ဘုရား "

"အဲဒီတက်တဲ့ အဆိပ်ဟာ ဒကာကြီး အမှတ်ထားတဲ့ မြက်လျှောအဆိပ်ဖြစ်မလား ၊ မြွေပွေးအဆိပ်ဖြစ်မလား . . "

"မြွေပွေး အဆိပ်ပဲ ဖြစ်မှာပါ ဆရာတော်. . "

"မြွေပွေးအဆိပ်ဆိုရင် သေနိုင်မလား ၊ မသေနိုင်ဘူးလား . . . ."

"သေနိုင်ပါတယ် ဘုရား . . . "

"အဆိပ်သတ္တိကို စိတ်နဲ့မှတ်ပြီး လောင်းလို့ရနိုင်ပါ့မလား . . . "

"မရနိုင်ကြောင်းပါ. . ဘုရား "

"ဒါဆို မြွေပွေးဆိုတာ အဆိပ်တက်မှန်းသိရက်နဲ့ မြွေပွေးကို မြက်လျှောဆိုပြီး ကိုင်ရဲပါ့မလား ဒကာကြီး . . . "
"မကိုင်ဝံ့ပါဘူး ဘုရား . . . "

"ဒီသဘောပဲ ဒကာကြီး အရက်ကို ရေအမှတ်နဲ့ သောက်တော့ အရက်ရဲ့သတ္တိပြမလား ၊ ရေရဲ့ သတ္တိပြမလား . . . "

"အရက်ကို သောက်ရင် အရက်သတ္တိပြမှာပါ ဘုရား . . . "

"အရက်သတ္တိပြရင် မူးမလား ၊ မမူးဘူးလား . . . . "

"မူးမှာပါ ဘုရား . . . . . "

"မူးပြီး . . . မသင့်မလျော် မဖွယ်မရာတွေ ဖြစ်တော့ အပြစ်ဖြစ်တော့မပေါ့ ဒီတော့ အရက်ကို ဘာအမှတ်နဲ့ သောက်သောက် အရက်ဟာ အရက်ပါပဲ . . အပြစ်ဟာ အပြစ်ပါ ပဲ ဒကာ. . . . "
ဟု ဆရာတော် က မိန့်တော် မူလေသည်. . . .

နေဘုန်းဝေ (ဗန်းမော်ဆရာတော်စွယ်စုံပုံပြင်များ)

ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော ဘုရာရှိခိုး



သြကာသ ၊ သြကာသ ၊ကာယကံ ၊ ၀စီကံ ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာပထမ ၊ ဒုတိယ ၊ တတိယ ၊ တစ်ကြိမ် ၊နှစ်ကြိမ် ၊သုံးကြိမ် မြောက်အောင် ဘုရားရတနာ ၊ တရားရတနာ ၊သံဃာရတနာ ၊ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင်ဘုရား ။ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ ရပ်ပြစ်ရှစ်ပါး ၊ ရန်သူမျိုးငါးပါး ၊ ၀ိပတ္တိတရားလေးပါး ၊ ဗျဿနတရား ငါးပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ နိဗ္ဗါန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရား။
အနက် ။ ။ သြကာသ သြကာသ ၊သြကာသ - ရှိခိုးပါရစေ အခွင့်ပြုတော်မူပါ (၃) ကြိမ် ။
ကာယကံ ၊၀စီကံ ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပစေခြင်းအကျိုးငှာ - ကိုယ်ဖြင့် ပြုမူပြစ်မှားမိခဲ့သော ကာယအမူ၊ နှုတ်ဖြင့် ပြောဆိုပြစ်မှားမိခဲ့သော ၀စီအမှု ၊ စိတ်ဖြင့်ကြံစည်ပြစ်မှားမိခဲ့သော မနောအမှု စသည့် ထိုကံသုံးပါးတွင် တစ်ပါးပါး သော ကံတို့ဖြင့်


ဘုရား၊ တရား၊ သံဃာ၌လည်းကောင်း ၊ ဆရာသမား မိဘ ဘိုးဘွား အစရှိသော လူကြီးသူမများ၌ လည်းကောင်း ပြစ်မှားမိခဲ့လျှင် ကင်းရှင်းပြေပျောက်ပါစေခြင်း အကျိုးငှာ ၊ ပထမ ၊ဒုတိယ ၊တတိယ ၊ တစ်ကြိမ် ၊နှစ်ကြိမ် ၊သုံးကြိမ်မြောက်အောင် - ပထမက ဒုတိယ ၊ ဒုတိယက တတိယ ၊ တစ်ကြိမ်က နှစ်ကြိမ် ၊ နှစ်ကြိမ်က သုံးကြိမ်တိုင်အောင် ဘုရားရတနာ ၊ တရားရတနာ ၊ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ၊ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင် ဘုရား ။
ဟိတ်ဟန်မပြ မာန်မာန လျော့ချ၍ ကြည့်ရှုဖူးမြော် ကန်တော့ပါ၏ အရှင်ဘုရား ။


ကန်တော့ရသော အကျိုးအားကြောင့် - ဤကန်တော့ရသော ကုလိုလ်အကျိုးအား အစွမ်းကြောင့် ၊ အပါယ်လေးပါး - (၁) ကုသိုလ်ကောင်းမှု များစွာပြုခွင့်မရကြသော ငရဲကြီးများဖြစ်ကြသည့်


(က) အကုလိုလ်ကံ မကုန်သေးသမျှတစ်ခါတည်း သေကြေပျောက်ပျက်မသွားဘဲ ထပ်ခါထပ်ခါ အသက်ရှင်လျှက် ငရဲထိန်းတို့၏ ခုတ်ဖြတ်မှုကိုသာ ပြင်းစွာခံကြရရှာသော သိဉ္စိုးငရဲ ၊


(ခ) ငရဲသားတို့ကို ငရဲထိန်းတို့က သားကောင်ကို ခွေးတွေ လိုက်သလို အတင်းလိုက်ကြပြီး မောဟိုက်သွားသည့်အခါ သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့ ကျကျနန မျဉ်းကြိုးချ၍ ပက်လက်တစ်မျိုး ၊ မှောက်လျက်တစ်မျိုး ၊ ၀ဲယာတစ်မျိုး ၊ ရှေ့နောက်တစ်မျိုး အားဖြင့် အကုလိုလ်ကံ မကုန်သေးသ၍ လွတ်ခွင့်မရနိုင်ကြ ဘဲ အမျိုးမျိုးခုတ်ရွေခံကြရသည့် ကာဠသုတ်ငရဲ ၊


(ဂ) အောက်မြေအပြင်မှာ မီးလျံတွေထလျှက် အထု (၉) ယူဇနာရှိသော သံမြေပြင်ကြီးဖြစ်၌ ငရဲသားတို့ဟာ ထန်းပင်ငုတ်လေးတွေစိုက်ထားသလို ခါးထိအောင်စိုက်ထားခြင်းခံရပြီး အရှေ့အရပ်မှ လာသော သံတောင်ကြီးက စားမည်ဝါးမည်ဆိုနေသလို တဒိန်းဒိန်း တခြိမ်းခြိမ်းမြည်ဟီးလျက် ကြိတ်ကာကြိတ်ကာ အနောက်အရပ်သို့ သွားပြီး ၊ နောက်တောင်အရပ်မှ သံတောင်ကြီးက ထိုနည်းအတိုင်းပင် ကြိတ်ကာကြိတ်ကာမြောက်အရပ်သို့သွားပြီးလျှင် အနောက်အရပ်သို့ ရောက်ပြီးသော သံတောင်ကြီးကလည်း အရှေ့အရပ်သို့ကြိတ်ကာကြိတ်ကာပြန်၍လာခြင်းဖြင် အရပ်လေးမျက်နှာမှသံတောင်တွေ သန်းဥတုတ်သလို ဖိနှိပ်ကြိတ်ချေသော်လည်း အကုသိုလ်ကံ မကုန်သမျှငုတ်စုစု ပေါ်ထွက်လျက် ဆက်ကာဆက်ကာ အကြိတ်ခံရရှာသော သံဃာတငရဲ ၊


(ဃ) မိးတောက်တို့သည် တ၀ုန်းးဝုန့်း ထလျက် ငရဲသို့ကျရောက်သူတို့၏ ဒွါရ (၉) ပေါက်မှ အတင်းဝင်ရောက်လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာ တစာစာအော်ကြရရှာပြီး ပြင်းစွာငိုကြွေးခြင်းဖြင့် မီးတောကမီးလျှံ အလောင်ခံနေကြရသေ ရောရုာဝငရဲ ၊ (င) မီးခိုးတို့တစ်ငရဲလုံးဖုံး
လွမ်းနေပြီး ငရဲသို့ကျရောက်သူတို့ကို မီးခိုးတို့ကအတွင်းအပြင် အတင်းဝင်၍ နှူးနှပ်ကြသောကြောင့် ငရဲသူ ငရဲသားတို့မှာ ဘာမှနတတ်နိုင်ကြတော့ပဲ သနားစဖွယ် အားငယ်စွာ အော်နေကြရရှာသော မဟာရောရုဝငရဲ ၊


(စ) ငရဲသို့ကျရောက်သော သတ္တ၀ါများကို ထန်းလုံးလောက်ကြီးမား၍ မီးလျှံထသော သံတံကျင်၌ မလှုပ်နိုင်အောင် စိုက်ထားပြီးလျှင် ထိုသံတံမှ ထွက်သော မီးလျှံတို့က အမြဲပူလောင်စေတတ်သော တာပနငရဲ ၊


(ဆ) မီးလျှံထနေသော သံတောင်ကြီးနှင့် ထိုသံတောင်၏အောက်ခြေ၌ သံတံကျင်တွေစိုက်ထူထားပြီး ငရဲသူငရဲသားတို့ကို ငရဲထိန်းတို့က သံတောင်ပေါ်သို့ မတက်တက်အောင် ရိုက်နှက်၍ တင်ကြပြီး သံတောင်ပေါ်သို့ရောက်သောအခါ ကံကြမ္မာအလျောက် လေမုန်တိုင်းပေါ်ပေါက်၍ ထိုလေမုန်တိုင်းက တောင်ခြေ၌ရှိသော တံကျင်ပေါ်ရောက်အောင် တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကား
ခနဲ စူးဝင်ခြင်းခံကြရရှာသော မဟာတာပန ငရဲ


၊(ဇ)မီးတောကိမီးလျှံများ အကြားမရှိပဲ တစ်ငရဲလုံးမီးလျှံများဆက်နေပြီးငရဲသားချင်းလည်း ၀ါးကျည်တောက်အတွင်း မုန်ညှင်းစေ့ကလေးတွေ ပြည့်ကျပ်နေသကဲ့သို့ အကြားမရှိပြည့်ကျပ်နေအောင် ဆင်းရဲဒုက္ခ အကြားအရှိ ၊ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်ဘဲ မီးလျှံ ၊ သတ္တ၀ါ ၊ ဆင်းရဲခြင်း ဒုက္ခဤသုံးမျိုးတို့ဆက်စပ်နေသော အ၀ီစိငရဲတို့နှင့် ထို ငရဲတစ်ထပ်တစ်ထပ်၌ ဘင်ပုပ်ငရဲ ၊ ပြာပူငရဲ ၊ လက်ပံတောငရဲ ၊ သန်လျက်ရွက်တောငရဲ ၊ဝေတ္တရဏီ“ သံရည်မြစ်ငရဲ ၊ ဟု တံတိုင်းခတ်သကဲသို့ ရံပတ်၍နေသော ငရဲအရပ်၌ ကျရောက်ရခြင်းလည်းကောင်း ၊ (၂) ဆင် ၊မြင်း ၊ ကျွဲ ၊ နွား ၊ ခွေး ၊ ကြက် ၊ ငှက် ငါးလိပ်စသော ကုန်းနေ ရေနေ အခြေလေးချောင်း ၊ အခြေနှစ်ချောင်း ၊ အခြေအများ သတ္တ၀ါတို့နှင့် မြွေ စသော အခြေမရှိသော သတ္တ၀ါများဖြစ်ကြသည့် တိရစ္ဆာန် အဖြစ်ရောက်ရခြင်းလည်းကောင်း ၊ (၃) တစ္ဆေ ၊ မှင်စာ ၊ သရဲ သဘက် အစိမ်းဖုတ်ကောင် ၊ကျတ်ကောင် စသည့် ပြိတ္တာ ဖြစ်ရခြင်းလည်းကောင်း ၊(၄) ပြိတ္တာအကြီးစားများ ဖြစ်ကြပြီး နေ့စံညခံ ၊ ညခံနေ့စံ စသည်ဖြင့်လည်း ခံနေကြရရှာသော အသူတကာယ် အရပ်၌ ကျရောက်ရခြင်းလည်းကောင်း ၊ ကပ်သုံးပါး - (၁) တုတ် ဓါး သေနတ် ဗုံး အမြောက် စသောလက်နက်ဖြင့် သေကြေပျက်စီးရခြင်း (သတ္တန္တရကပ် ) ၊ (၂) ပလိပ်ရောဂါ ၊ ကာလရောဂါ ၊ ကျောက်ရောဂါ ၊ အဖျားရောဂါ စသည်ဖြင့် ကူးစက်မြန်သောကြောင့်မြို့နယ်အနှံ့ သေကြေပျက်စီးရခြင်း (ရောဂန္တရကပ်) ၊(၃) မြို့နယ်အနှံ့အပြားတို့၌ အစားအသောက်ပြတ်ငတ်၍ သေကြေပျက်စီးရခြင်း ( ဒုဗ္ဘိက္ခန္တရကပ် ) တို့နှင့် ကြံကြိုက်ရခြင်းလည်းကောင်း ၊


ရပ်ပြစ်ရှစ်ပါး - မဂ်ဖိုလ်ရအောင် တရားအားထုတ်ခွင့်မရခြင်းကြောင့် အပြစ်ဖြစ်သော အရပ်ေးသများဖြစ်ကြသည့် (၁၊၂၊၃) ဘုရားပွင့်နေဆဲအခါ ငရဲ ၊ တိရစ္ဆာန် ၊ပြိတ္တာ စသော အပါယ်အရပ် ( အသူတကယ်ကို ပြိတ္တာမျိုး၌ယူ ) ၊ (၄) ဘုရားရှင်ပွင့်ဆဲ ဘုရားရှင်ကိုမဖူးတွေ့နိုင် ၊ တရားမနာနိုင်ကြရှာသော ခန္ဓာကိုယ်သာရှိ၍ စိတ်ဝိညာဏ်မရှိသော အသညသတ်ဗြဟ္မာများနှင့် စိတ်ဝိညာဏ်သာရှိပြီး ခန္ဓာကိုယ်မရှိသော အရူပဗြဟ္မာများဖြစ်ကြသည့်
ဒီဃာယုနတ်တို့အရပ် ၊ (၅) အစွန်အဖျား တောတောင်အကြား လူရိုင်းများနေသည့် ပစ္စ န္တရာဇ်အရပ် ၊ (၆) ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိရှိနေခြင်း ၊ (၇) ဘုရားပွင့်ဆဲအခါ တရားနာလည်းလောက်သော ဥာဏ်မရှိသူ ၊(၈) တတ်သိနားလည်လောက်သော ဥာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါလူ ဖြစ်ရခြင်းလည်းကောင်း ၊


ရန်သူမျိုးငါးပါး- (၁) ရေ ၊(၂) မီး ၊ (၃) ခိုးသူ ၊(၄) အမွေခံသားဆိုး သမီးဆိုး (၅) မင်းဆိုး စသည့် ဘေးငါးမျိုးနှင့်ကြုံတွေ့ရခြင်းလည်းကောင်း ၊ ၀ိကတ္တတရားလေးပါး - ဖောက်ပြနချို့ယွင်းခြင်း ၊ ပျက်စီးခြင်းဟုဆိုအပ်သော (၁) မင်းဆိုး မင်းယုတ်အုပ်စိုးသောအခါ ဖြစ်သည့် ကာလ၀ိပတ္တိ ၊(၂) အအပါယ်လေးပါးတို့၌ဖြစ်ရခြင်း စသည့်မကောင်းသော ဂတိဖြစ်၍ ဂတိဝိပတ္တိ ၊ (၃) ရုပါအဆင်းအင်္ဂါချို့တဲ့ခြင်းစတဲ့ ဥပဓိဝိပတ္တိ ၊(၄) အသိအလိမ္မာ ဥာဏ်ပညာ သတိဝီရိယမရှိပဲ ပြုမူ ၊ပြောဆို
ကြံစည်မူ ပယောဂ၀ိပတ္တိ စသည့်မကောင်းသော အဖြစ်ဆိုးတို့နှင့်လည်းကောင်း ၊ဗျဿနတရားငါးပါး - (၁) ဆွေမျိုးပျက်စီးခြင်း ဥာတိဗျဿန ၊(၂) စည်းစိမ်ဥစ္စာ ပျက်စီးခြင်း ဘောဂဗျဿန ၊(၃) အနာရောဂါဖြစ်ခြင်း ရောဂဗျဿန ၊(၄) မှားယွင်းသော မိစ္ဆာအယူကိုယူခြင်း ဒိဋ္ဌိဗျဿန ၊ (၅) သီလပျက်ခြင်း သီလဗျဿန စသောပျက်စီးခြင်းတို့နှင့် ကြုံတွေ့ရခြင်း ဟူသော ၊ အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍ -ဤမကောင်းသော တရားတို့မှ အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍ ၊ မဂ်တရား - သောတာပတ္တိမဂ် ၊ သကဒါဂါမိမဂ် ၊ အနာဂါမိမဂ် ၊ အရဟတ္တမဂ် ၊ ဖိုလ်တရား - သောတာပတ္တိဖိုလ် ၊ သကဒါဂါမိဖိုလ် ၊ အနာဂါမိဖိုလ် ၊ အရဟတ္တဖိုလ် ၊ နိဗ္ဗါန်ချမ်းသာ - ခန္ဓာအသစ် တစ်ဖန်မဖြစ်ရာ ၊သေခြင်းသဘောလည်း မရှိရာ ၊ ဒုက္ခအပေါင်းမှလည်း ကင်းဝေးရာ အမြတ်ဆုံးချမ်းသာဖြစ်သည့် နိဗ္ဗါန်စသော ၊ တရားတော်မြတ်တို့ကို သံသရာ၌ ကြာရှည်စွာ မကျင်လည်ရတော့ပဲ အမြန်ဆုံး ရရပါလို၏ အရှင်ဘုရား ။

ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်များ

မဟာယာနဘာသာကို လူတော်တော်များများ စိတ်ဝင်တစားရှိသော်လည်း အကြောင်းကြောင်း
ကြောင့်မလေ့လာဖြစ်ပဲ အလှမ်းဝေးနေကြတာကို သတိထားမိပါတယ်၊ အထူးသဖြင့် ကိုယ်နဲ့ မဆိုင်ပါဘူးလေ ဆိုပြီး ဖာသိဖာသာနေတာလဲ ပါမှာပါ၊ သို့သော်လည်း တိုင်းတပါးကို ရောက်လာ
တဲ့အခါမှာတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ နောက်ဆုံး ဘာသာမဲ့ ၀ါဒသမားကအစ တွေ့မြင်နေကြရတာကြောင့် မသိမဖြစ်အနေနဲ့ လိုအပ်လာတယ်၊ စာရေးသူတို့ ဘုရားသားတော် ရဟန်းတွေမှာတောင် မြန်မာပြည်မှာတုံးက မလိုအပ်ဖူးလို့ ထင်ခဲ့မိတယ်။
အခုတော့ ကိုယ့်ဝန်းကျင်မှာ မဟာယာနဘုန်းကြီးတွေ၊ သီလရှင်တွေ ၊ တရုတ် ကိုးရီးယား ဂျပန်လူမျိုးတွေကို တွေ့လာ၇တဲ့ အခါမှာတော့ သူတို့ဘာသာအကြောင်းကို မသိလို့ မရတော့ဘူး၊ သူ့တို့ဘာသာကို အစအဆုံး ဘုရား တရားက အစ လိုက်မေးနေရတယ် ဆိုရင် ကိုယ့်မြန်မာလူမျိုး သိက္ခာတော်တော်ကျနေပြီ၊ သီတဂူဆရာတော်ကြီး ပြောတဲ့ စကားတခွန်းကို မှတ်သားမိဘူးတယ်၊ ဘယ်ဘာသာကို မဆို လေ့လာထားပါ၊ သူတို့နဲ့ စကားပြောလို့ အနိုင်လိုချင်၇င် သူ့တို့ ဘာသာရဲ့ အားနည်းချက်ကို သိနေတော့ ပြောဆိုရတာ ( နောက်ဆုံး ငြင်းခုံရင်တောင် ကိုယ်က အနိုင်ရမယ် ) သိပ်လွယ်တယ် တဲ့။ အထူးသဖြင့် စာရေးသူတို့ မြန်မာနိုင်ငံမှာ မဟာယာန ဗုဒ္ဓဘာသာ ဆိုတာ တရုတ်ဘုန်းကြီးကျောင်းတွေမှာသာ ရှိတာမို့ ရဟန်းသံဃာတွေရော ဒကာ ဒကာမတွေပါ အလှမ်းဝေးနေခဲ့ကြတယ်။ ဒါကြောင့် လက်လှမ်းမှီသလောက်ကို တင်ပြလိုက်ပါတယ်၊


ထေရ၀ါဒ ဗုဒ္ဓဘာသာ - မည်ပုံ

ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသော မဟာသက္ကရာဇ် ( ၁၄၈ )ခုနှစ် ကဆုန်လပြည့်နေ့မှနောက် ၃ လလွန်မြောက်ပြီးသောအခါ အရှင်မဟာကဿပဦးဆောင်သော ရဟန္တာမထေရ် ၅၀၀ ဖြင့် ရာဇဂြိုလ်မြို့တွင်ဘုရားရှင်၏ တရားတော်တို့ကို တလုံးတပါဒမျှ ပြင်ဆင် ဖြည့်စွက်ခြင်း၊ ထုတ်နှုတ်ပယ်ရှားခြင်း အလျင်းမရှိခဲ့ပဲ ဟောတော်မူခဲ့သည့်အတိုင်း တသွေမတိမ်း ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြသည်။
အချုပ်အားဖြင့် ဘုရားဟောတော်မူခဲ့ပြီးသော တရားတော်တို့ကို ယနေ့အချိန်အထိ တလုံးတပါဒမျှ ပြင်ဆင်ဖြည့်စွက်ခြင်းမရှိပဲ တပည့်သား သာဝက အစဉ်အဆက် လက်ဆင့်ကမ်း သယ်ဆောင်လာသော ၀ါဒကို ထေရ၀ါဒ ဗုဒ္ဓဘာသာ ( တပည့်သား သာဝက မထေရ်အစဉ်အဆက် သယ်ဆောင်လာသော ဘုရားဝါဒ ) ဟု မှတ်နိုင်ပါသည်။

ဒုတိယ သင်္ဂါယနာ
မြတ်ဗုဒ္ဓ လွန်တော်မူပြီး သာသနာနှစ်ပေါင်း (၁၀၀)ကြာပြီးနောက် ၀ဇ္ဇီတိုင်းသားရဟန်းများ (ဒေ၀ဒတ်
တပည့်များ )မှ အဓမ္မ၀တ္ထု (၁၀)ပါးကို တောင်းဆိုခဲ့ကြသည်။ ဥပမာ နေလက်တစ်သစ်လွဲသည့်
အချိန်အထိ ၀ိကာလဘောဇန လုပ်နိုင်တယ်၊ သေနု(အရက်ခပ် ပျော့ပျော့ ယခုခေတ် ထန်းရည်လိုမျိုး )ကို သောက်နိုင်တယ်၊ ရွှေငွေများကို လူတွေလို စိတ်ကြိုက် ကိုင်တွယ်အသုံးပြုနိုင်တယ် -- စသဖြင့် တောင်းဆိုခဲ့ပြီး ထေရ၀ါဒဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေးလုပ်လာသဖြင့် ထိုရန်သူတို့အား ကာကွယ်ရန် ဒုတိယအကြိမ် သင်္ဂါယနာတင်ရပြန်သည်။

(၂) သာသနာနှစ် (၁၀၀)နှစ်
(၃) နေရာ ဝေသာလီပြည်၊ ၀ါဠုကာရာမကျောင်း
(၄) ခေါင်းဆောင် အရှင်ယသမထေရ် ဦးဆောင်သော အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိ
(၅) သံဃာဦးရေ ရဟန္တာပေါင်း (၇၀၀)
(၆) မင်း ကာလာသောကမင်း
(၇) ကြာမြင့်ချိန် (၈) လ

အရှင်ယသ၊ အရှင်ရေ၀တ အရှင်သဗ္ဗကာမီ ဦးဆောင်သော ၇ဟန္တာများ ဝေသာလီပြည်၌ သင်္ဂါယနာတင်နေစဉ် ၀ဇ္ဇီတိုင်းသားရဟန်းပျက်များကို သံဃာထု၊ မင်းပရိသတ်ထု၊ ပြည်သူလူထု ပေါင်းပြီး နှင်ထုတ်ခဲ့ကြသည်၊ ထိုရဟန်းပျက် များကာ တစ်သောင်းကျော် ပမာဏ ရှိခဲ့သည် ဟူ၏။
ထိုရဟန်းပျက်တို့ ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမ၀န္တာတောင်ခြေဖက် သို့ သွားရောက်
ပြီး ရှင်ဘုရင်တစ်ပါးမှ သနားကာ ခိုလှုံခွင့်ပေးလိုက်ရာမှ ထိုရဟန်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင် တင်ခဲ့ကြသည်။
ထိုရဟန်းတို့အား တစ်သောင်းကျော်ဟူသော ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု နာမည် တွင်ခဲ့သည်၊ ထိုဂိုဏ်းမှ မဟာယာန၀ါဒ ဖြစ်လာသည်။
ထိုမှတဖန် ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ ( ၇၀၀ )အဖွဲ့အား ဟီနယာနဂိုဏ်း သေးငယ် သောဂိုဏ်း ( တနည်းအားဖြင့် သဗ္ဗတ္ထိဝါဒဂိုဏ်း ) ဟု ခေါ်တွင်ခဲ့သည်။ ထိုဂိုဏ်းမှ ထေရ၀ါဒ ဆင်းသက်လာပါသည်။ အမှန်ကတော့ ငါတို့က ရွာရဲ့ မြောက်ပိုင်းမှာ နေတယ် ဆိုရင် သူတို့က တောင်ပိုင်းမှာ နေတယ် ဟု အလိုလို မပြောသော်လည်း ပြောသကဲ့သို့ ထေရ၀ါဒ ကိုလည်း မဟာယာန ၀ါဒီ တို့သည် ဟီနယာန ဟု သုံးစွဲခဲ့ကြလေသည်။
အိန္ဒိယ တောင်ပိုင်းဒေသမှ စကာ ပြန့်နှံ့ခဲ့သောကြောင့် တောင်ပိုင်းဗုဒ္ဓဘာသာ(ထေရ၀ါဒ) ဟုလည်းအလွယ်တကူ မှတ်နိုင်ပေသည်။ ယခုအချိန်အထိ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီယား၊ လာအို နိုင်ငံတို့တွင် သာသနာထွန်းကားနေဆဲမို့ ထေရ၀ါဒ ၅ နိုင်ငံ ဟု အများက အသိအမှတ်ပြု လက်ခံထားဆဲဖြစ်သည်။
မဟာယာနမှာတော့ မဇ္ဈိမဒေသ အိန္ဒိယပြည် မြောက်ပိုင်း ဟိမ၀န္တာကနေ ပြန့်ပွားခဲ့သောကြောင့် မြောက်ပိုင်း ဗုဒ္ဓဘာသာ ( မဟာယာန ) ဟု မှတ်နိုင်သည်၊ဘီစီ ၁ ရာစု မှ စကာ အေဒီ ၁ ရာစု အအတောအတွင်း မဟာယာန ၀ါဒ စတင်ဖြစ်ပေါ်လာသည်ဟု သိရသည်၊ မဟာယာနတို့၏ Saddharma Pundarika Sutra သဒ္ဓမ္မပုဏ္ဍရိက သုတ်တွင်မူ အေဒီ ၂ ရာစုမှ စကာ ခေါင်းဆောင်ဖြစ်သော Nagarjuna နာဂဇုန သည် သူ၏ သုညတ၀ါဒကို စွဲကိုင်ကာ အင်အားကြီးမားစေခဲ့သည်၊ အေဒီ ၄ ရာစုလောက်တွင်တော့Asanga အသင်္ဂ နှင့် Vasubandhu ၀သုဗန္ဓု တို့ လက်ထက်တွင် မဟာယာနဘာသာသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိအောင် ပြန့်ပွားခဲ့သည်ဟု ဆိုရပါမည်။
( မဟာ - မြင့်မြတ်သော၊ ယာန - နိဗ္ဗာန်သို့ ပို့ဆောင်ပေးသော အရာ၊ ယာဉ်ဟူသော၊ ၀ါဒ - အယူရှိသူ )
ထိုအချိန်မှစ၍ မြောက်ပိုင်း ဗုဒ္ဓဘာသာ ခေါ် မဟာယာန သည် တရုတ်ပြည်၊ တိဗက်၊ ပါကစ္စတန်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကိုးရီးယား ဂျပန် စသော တောင် အာရှ နိုင်ငံများအထိ နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက် ပြန့်ပွားခဲ့သည်၊ ထိုနိင်ငံတို့တွင် ထေရ၀ါဒ ဘာသာ အားကောင်းစွာ ပျံ့နှံ့သည်ဟူ၍ မကြားဖူးခဲ့ပေ။ အနည်းစုတော့ ရှိခဲ့လိမ့်မည်၊ ထို့ကြောင့် တရုတ် ဂျပန် ကိုးရီးယား တို့၏ ဘာသာရေး အခန်းကဏ္ဍများတွင် တုံးခေါက်ခြင်း၊ ဖယောင်းတိုင် အမွှေးတိုင် ထွန်းခြင်း သေသူအား ရည်စူးကာ စက္ကူများအားမီးရှို့ ပြာချခြင်း စသည်များသည် နိုင်ငံ ဓလေ့ ယဉ်ကျေးမှု့အရ အနည်းငယ် ကွဲလွဲသည်မှအပ တူညီနေကြပေသည်။
ပြိုကျခါနီး အိမ်ကို ကျားကန် ထားရသလိုဖြစ်နေတဲ့ မဟာယာန ဘာသာဟာ နောက်ပိုင်းခေတ်မှာတော့ ဂျပန်နိုင်ငံက စပြီး ရဟန်းတော်များ အိမ်ထောင်ပြုသင့်တဲ့ဂိုဏ်း၊ မပြုသင့်တဲ့ ဂိုဏ်း ဆိုပြီး ကွဲပြားလာတယ်၊ တချို့အရက်သောက်ကြတယ်၊ တချို့က မသောက်ဘူး၊ တချို့သက်သက်လွတ်စားတယ်၊ တချို့က မစားကြဘူး၊ ဒါကြောင့် ယခုအချိန်မှာ ကိုးရီးယား ဂျပန် ဘုန်းကြီးတော်တော်များများဟာ
အိမ်ထောင်ရှိကြတယ်၊ အရက်သောက်ကြတယ်၊ ပါတီ နိုက်ကလပ်တက်ကြတယ် လို့ တဆင့်စကား ကြားဖူးပါတယ်၊ တရုတ်၊ တိဗက် ဟောင်ကောင် ထိုင်ဝမ် စတဲ့ နိုင်ငံတွေမှာ ရှိတဲ့ မဟာယာနဘုန်းကြီး တွေကတော့ အိမ်ထောင်ပြုတယ် လို့ မကြားမိပါဘူး၊ ဒါကြောင့် သူတို့ကတော့ နည်းနည်း သန့်ရှင်းသေးတယ် လို့ ယူဆ၇မှာပါ။ သက်သက်လွတ်ဝါဒကတော့ တော်တော် ကြီးစိုးနေဆဲပါပဲ၊ ဒါကလဲ ဘုရားရှင်လက်ထက်တော်အခါကတည်းက အရှင်ဒေ၀ဒတ်က တောင်းဆု ငါးပါးထဲမှာ ရဟန်းတော်များသက်သက်လွတ် စားဖို့ သိက္ခာပုဒ်ပညတ်တော်မူပါဘုရား - ဆိုပြီး တောင်းပန်ခဲ့ဖူးပေမယ့် ဘုရားရှင်က ခွင့်မပြုခဲ့ဘူး။ အရင်းစစ်တော့ အမြစ်မြေက - ဆိုသလို မြောက်ပိုင်း ဗုဒ္ဓဘာသာခေါ် မဟာယာန၀ါဒ ဟာလဲ ဒုတိယသင်္ဂါယနာ တင်ချိန် ကတည်းက အဓမ္မ၀ါဒက နေ ဆင်းသက်လာတာမို့ အယူဝါဒတော်တော်များများ လွဲနေတာ မထူးဆန်းတော့ပါဘူး။

လွတ်မြောက်ရာ လမ်းများ နှိုင်းယှဉ်ချက်

ထေရ၀ါဒ ဘာသာ တွင် နိဗ္ဗာန် ပန်းတိုင်သို့ -
၁ ။ သမ္မာသမ္ဗုဒ္ဓ အဖြစ်နှင့် ကူးမြောက်ခြင်း၊
၂ ။ ပစ္စေကဗုဒ္ဓါ ဘုရားငယ်အဖြစ် ကူးမြောက်ခြင်း၊
၃ ။ သာဝက ဗောဓိ - ခေါ် ရဟန္တာအဖြစ် ကူးမြောက်ခြင်း ဟု သုံးမျိုးရှိသည်။

မဟာယာန ဘာသာတွင်လည်း -

Bodhisattvayana, ( ဗောဓိသတ္တ ယာန ) ဘုရားအလောင်းယာန၊
Prateka-Buddhayana, ( ပစ္စေက ဗုဒ္ဓယာန ) ပစ္စေဗုဒ္ဓါလောင်း ယာန၊
Sravakayana ( သာဝက ယာန ) သာဝကလောင်း ယာန၊ဖြင့် ကူးမြောက်ခြင်း ဆိုပြီး တူညီသော အမျိုးအစားများ တွေ့ရသည်။

ထေရ၀ါဒ နှင့် မဟာယာန၀ါဒတွင် တူညီသော အင်္ဂါ ( ၆ ) ချက်
(၁) မြတ်စွာဘုရားကို နှစ်ဖက်စလုံးက ဆရာ အဖြစ်လက်ခံကြတယ်။
(၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အ၀လက်ခံကြတယ်။
(၃) မဂ္ဂင်ရှစ်ပါး တရားကိုလဲ လက်ခံတာချင်း တူညီတယ်၊
(၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လက်ခံတာလဲ တူညီတယ်၊
(၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပဲ ပယ်မြစ်ပါတယ်။
(၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နဲ့ သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတယ်။

Mahayana and Theravada
Now, what is the difference between Mahayana and Theravada?
I have studied Mahayana for many years and the more I study it, the more I find there is hardly any difference between Theravada and Mahayana with regard to the fundamental teachings.

1- Both accept Sakyamuni Buddha as the Teacher.
2- The Four Noble Truths are exactly the same in both schools.
3- The Eightfold Path is exactly the same in both schools.
4- The Paticca-samuppada or the Dependent Origination is the same in both schools.
5- Both rejected the idea of a supreme being who created and governed this world.
6- Both accept Anicca, Dukkha, Anatta and Sila, Samadhi, Panna without any difference.



အနတ္တကို နှစ်ဖက်စလုံးက လက်မခံကြပေမယ့် ကွဲပြားချက်က တရားတော်တွေ မဟုတ်ဘဲ ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ် အပေါ်မှာ ထားတဲ့ သဘောထား ဖြစ်နေတယ်။
ထေရ၀ါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ဘူး။ ထေရ၀ါဒဆိုတာ ရဟန္တာ ဖြစ်ဖို့ ကျင့်တဲ့ ၀ါဒဖြစ်ပြီး ၊ မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ၀ါဒပါ။
ထေရ၀ါဒမှာ ဗောဓိသတ္တကို လွတ်မြောက်ရာ သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ်
သေးပေမယ့် ၊ မဟာယာန မှာတော့ ကိုးကွယ်စရာ ဗောဓိသတ္တတွေ များပါတယ်။ ဘုရားလောင်း ၊ ဘုရားရဲ့ မိခင်၊ ဖခင် အများကြီး ရှိပါသေးတယ်။ ဖားအောက်ဆရာတော်ကြီးရဲ့ ဓမ္မစကြာနှင့် ၀ိပဿနာ တရားတော်ကို နာဖူးပါတယ်။ မဟာယာန အယူဝါဒမှာ - အရဟတ္တဖိုလ်ရပြီးသား ရဟန္တာပုဂ္ဂိုလ်ဟာ ဒီဘ၀ကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးဘူး။ ရဟန္တာအဖြစ်ကနေ အနာဂမ် ၊ သကဒါဂမ် ၊ သောတာပန် အထိ ပြန် လျှောကျသွားတယ်။ ပုထုဇဉ်ပြန်ဖြစ်သွားရမယ် ။ ပြီးမှ ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရမယ်။
ထေရ၀ါဒ မှာတော့ မဟုတ်ဘူး - ပုထုဇဉ်ဘ၀ကနေ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ အစဉ်အတိုင်းဖြစ်ပြီးရင် နိဗ္ဗာန်ကို မျက်မှောက်ပြုရတာပါပဲ၊ နောက်ဆုံးဘ၀ပေါ့၊ သူ့အတွက် ဒီဘ၀ ဒီခန္ဓာကိုယ်ဟာ နောက်ဆုံးပါပဲ၊ ဘုရားဟောထားတဲ့ စကားလေးတခွန်းရှိတယ်၊ ရဟန္တာဖြစ်တဲ့သူ များလဲ ပြောလေ့ရှိကြတယ်၊ အထူးသဖြင့် ဘုရားရှင်ကိုယ်တိုင်ပါ။

(၁) အကုပ္ပါ မေ ၀ိမုတ္တိ = ငါ၏ ရရှိပြီးသော အရဟတ္တဖိုလ် ဥာဏ်သည် ဘယ်လိုအကြောင်း
ကြောင့်မှ မပျက်စီးနိုင်တော့ပေ။
(၂) အယမန္တိမာ ဇာတိ ၊ နတ္ထိ ဒါနိ ပုန ဗ္ဘဝေါတိ = ဒီဘ၀သည် နောက်ဆုံးဘ၀ပဲ။ နောက်ထပ် ဘ၀သစ် ဆိုတာ မရှိတော့ဘူး၊
(၃) နာပရံ ဣတ္ထတ္ထာယာတိ ပဇာနာတိ - ၇ဟန္တာ ဖြစ်ပြီးရင် နောက်ထပ် ကျင့်ကြံစရာ လုံးဝ မရှိတော့ဘူး - တဲ့။

ဒါကို ထောက်သောအားဖြင့် ထေရ၀ါဒဟာ အားလုံး ဘုရားဟောစကားနဲ့ တူညီနေသေးတယ်။
မဟာယာနမှာတော့ ကိုယ်မကြိုက်တာတွေကို ပယ်လိုက်၊ ထုတ်လိုက် ပြန်ထည့်လိုက်၊ အသစ်ထပ်တိုးလိုက်နဲ့ ခေတ်အ ဆက်ဆက် ဖြတ်သန်းခဲ့တာမို့ ဘယ်တရားက ဘုရားဟော တရား အစစ်အမှန်လဲ ဆိုတာ တိတိကျကျ ပြောနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေကို ရောက်နေပါပြီ။ စစ်မှန်သော တရားတော်တို့ သည် မိမိတို့ လက်ထဲမှာသာ ရှိနေသေးသောကြောင့် အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ ဟုသာ တိုက်တွန်းစကားဆိုရင်း နိဂုံး ချုပ်ပါရစေ --


Sunday, 5 October 2014


ဗုဒ္ဓသာသနာအတွက် ရခိုင်ကိုသာယုံကြည်ခဲ့သည့် ရှင်ဂေါတမ
=======================================
ဗုဒ္ဓသာသနာသမိုင်း၌ ဘုရားရှင်၏ ကိုယ်ပွားတော်အဖြစ် ရုပ်ရှင်တော်နှစ်ဆူ သွန်းလုပ်ပူဇော်ခဲ့ပါသည်။သို့သော်လည်း မြန်မာပြည်သူအများစုမှာ မိမိနှိင်ငံရှိ ရခိုင်ပြည်မှ မဟာမုနိတစ်ပါးတည်းကိုသာ ရုပ်ရှင်တော်အဖြစ် သိရှိနေကြသူ များလေသည်။
ထို့ကြောင့် နောက်ရုပ်ရှင်တော်မြတ်တစ်ဆူ၏ အကြောင်းနှင့် ၎င်းအကြောင်းနှင့်ဆက်စပ်၍ ဂေါတမမြတ်ဘုရားရှင်၏ ရခိုင်ပြည်နှင့် ရခိုင်လူမျိုးတို့အပေါ် သူ၏သာသနာအတွက် ယုံကြည်ခဲ့ပုံကိုပါ တစ်ဆက်တည်း မြင်တွေ့ခံစား ဖတ်ရှူခဲ့ရသည်ကို ပြန်လည်မျှဝေလိုက်ပါ၏။
စန္ဒသူရိယမင်းက ဘုရားရှင်ပြန်ကြွတော်မူသောအခါ မြတ်ဘုရားရှင်နှင့် ကွဲကွာအံ့သောအဖြစ်ကို တွေးမိ၍ ကိုယ်စားတော်အဖြစ် ရုပ်ရှင်တော်တစ်ဆူကို ထားခဲ့တော်မူစေလိုကြောင်း လျှောက်တင်သောအခါ ဘုရားရှင်သည် ဤသို့ခံစား သိမြင်တော်မူပါသည်။
``သဗ္ဗညုဘုရားသခင်သည် ဉာဏ်တော်ဖြင့် ကြည့်တော်မူလတ်သော…… နောင်သောအခါ `ကောသလမင်း´ တောင်းပန်ခြင်းကြောင့် `စန္ဒသာရ´အမည်ရှိမည့် `ရုပ်ရှင်တော်တစ်ဆူ´ ရှိတော်မူသော်လည်း တိထ္ထိတို့ ပိုင်စိုးအုပ်ချုပ်လာသည့်အခါ သိကြားမင်းဆင်းလာပြီး ရတနာရွှေပလ္လင်နှင့်တကွ သိုဝှက်လိုက်မည်ဖြစ်သဖြင့် လူများစွာတို့သည် ကာလကြာရှည်စွာ ကိုးကွယ်ဆည်းကပ်ရာမရ ဖြစ်အံ့သောအကြောင်း ရှိချေတော့မည်။
ငါဘုရားသည် အလောင်းတော်ဘဝက ဘဝအဆက်ဆက် ကျင်လည်တော်မူခဲ့သော ဤဓညဝတီပြည်သည် ဇမ္ဗူဒီပါကျွန်း၌ မြို့ကြီးအပေါင်း ရှစ်သောင်းလေးထောင်တို့တွင် မြင့်မြတ်သော တိုင်းပြည်မြို့ကြီး ဖြစ်ပေသည်။
ဤဓညဝတီပြည်၌ ငါ၏ကိုယ်စား ရုပ်ပွားတော်ကိုထားရှိခဲ့သော ငါပရိနိဗ္ဗာန်စံပြီးနောက် ထားတော်မူလတ္တံ့သော သာသနာငါးထောင်ပတ်လုံး တည်လတ်၍၊ လူ နတ် ဗြဟ္မာ သတ္တာဝါတို့၏ ချမ်းသာစီးပွားကို များစွာဖြစ်ကြကုန်အံ့´´ဟု မြင်တော်မူ၍ မဟာစန္ဒသူရိယဘုရင်၏ လျှောက်ထားချက်ကို ဝန်ခံပဋိညာဉ် ပေးတော်မူသည်။
အထက်ပါစာပိုဒ် စကားအရ……
(1)စန္ဒသာရအမည်ရှိ ရုပ်ရှင်တော်မြတ် တစ်ဆူလည်း ရှိခဲ့သေးကြောင်း
(2)စန္ဒသာရရုပ်ရှင်တော်မြတ် တည်ရှိရာနေရာအား ဗုဒ္ဓဘာသာကို မကိုးကွယ်သည့် တိတ္ထိတို့၏ စိုးမိုးသိမ်းပိုက်မှုကို ခံရသောအခါ စန္ဒသာရရုပ်ရှင်တော်မြတ်ကို ပလ္လင်နှင့်တကွ သိကြားမင်းက ပင့်ဆောင်သွားမည်ဖြစ်ကြောင်း
(3)ထို့ကြောင့် ဓညဝတီပြည်၌ မဟာမုနိအမည်ရ ရုပ်ရှင်တော်မြတ်တစ်ဆူကို ထပ်မံသွန်းလုပ်ခွင့် ပြုခဲ့ကြောင်း
(4)ဤမဟာမုနိသည်သာလျှင် သာသနာတော် နှစ်ငါးထောင်အထိ တည်တံ့မည်ဖြစ်ကြောင်းကို ဖတ်ရပါလိမ့်မည်။
ဓညဝတီကား ရခိုင်ပြည်ဖြစ်သည်။
ရခိုင်ပြည်တွင်ကား ရခိုင်တို့နေထိုင်သည်။
ရခိုင်နေသည့်အရပ်တွင်မှ ရုပ်ရှင်တော်သည် သာသနာနှစ်ငါးထောင်ထိ တည်တံ့မည်ဟု ဘုရားရှင်က မြင်ခဲ့သည်။
ဤအခြင်းအရာများကို ထောက်ရှူကြည့်ခြင်းဖြင့် ရှင်ဂေါတမသည် ဗုဒ္ဓသာသနာအတွက် ရခိုင်ကိုသာ ယုံကြည်ခဲ့သည်ဟု ခေါင်းစဉ်တပ်ရခြင်း ဖြစ်ပါတော့သည်။
သို့သော် ရခိုင်တို့သည် သမိုင်း၌သာ ပျော်မွေ့မနေဘဲ၊ ဘုရားဗျာဒိတ်ကိုချည်း အားကိုးမနေဘဲ၊ မင်းလောင်းပေါ်လာမှာကိုသာ ထိုင်စောင့်မနေဘဲ၊ လက်တွေ့မှာလည်း အုတ်တစ်ချပ်လောက်ဖြစ်စေ သဲတစ်ပွင့်လောက်ဖြစ်စေ ကြိုးစားအားထုတ် ဝီရိယစိုက်ကာ လုပ်ဆောင်ရမည်လည်း ဖြစ်ပါသည်။ထို့ပြင် ခေါင်းငုံ့မခံသော်လည်း ရန်မများအောင်လည်း အမြဲမပြတ် အသိ သတိ ပညာများဖြင့် နေထိုင်ရအုံးမည်လည်း ဖြစ်ပါကြောင်း။
ရခိုင်လူမျိုးနောက်ခံသမိုင်းကြောင်း
*************************************
ရခိုင်လူမျိုးတို့ သည် ၄င်းတို့၏ ဇာတိနေရပ်ဖြစ်သော နတ်မြစ်ဝမှ မော်တင်စွန်း (ယခု ဧရာဝတီတိုင်း) အထိ ရှည်လျားသည့် ရခိုင်ကမ်းမြောင် ဒေသ တစ်လျှောက်တွင်နေထိုင်ကြသည်။ ရခိုင်ကမ်းမြောင်ဒေသ သို့မဟုတ် ရခိုင်ပြည် သည် ခေတ်အဆက်ဆက် ရခိုင်ဘုရင်များ အုပ်စိုးရာ သီးခြား လွတ်လပ်သည့် တိုင်းပြည် ဖြစ်ခဲ့၏။ ရခိုင်ဘုရင်များ လက်ထက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသ နှင့် အိန္ဒိယနိုင်ငံ တြိပူရ ဒေသတို့သည် ရခိုင်ပြည်၏ လက်အောက်ခံ ဖြစ်ခဲ့သဖြင့် ထိုစဉ်ကလကပင် ရခိုင်လူမျိုးအချို့သည် အုပ်ချုပ်သူ လူတန်းစားအဖြစ် ဘင်္ဂလားဒေသနှင့် တြိပူရဒေသတို့ တွင်လည်း အစဉ်အဆက် နေထိုင်ခဲ့ကြပြီး ယနေ့ထက်တိုင် နေထိုင်ကြဆဲလည်း ဖြစ်သည်။ မြန်မာ့လူဦးရေ၏ လေးရာခိုင်နှုန်းနှင့် အထက်သည် ရခိုင်လူမျိုးတို့ဖြစ်သည်။
နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ
ရခိုင်ဆိုသော စကားသည် ပါဠိ စကားမှ ဆင်းသက်လာသည်။ ရက္ခိတ (အမျိုးကို စောင့်ရှောက်သူ) ဟု အဓိပ္ပါယ်ရသည်။
ပျူ နှင့်အနွယ်တူ ကမ်းယံ လူမျိုးများ မြန်မာနိုင်ငံဧရာဝတီမြစ်ဝှမ်း ဒေသဘက် သို့ဝင်ရောက်သည့် အချိန်ကာလ လောက်မှာပင် အနောက်တိဗက်အနွယ်ဝင် အခြား လူမျိုးစုများသည်လည်း ရခိုင်ကမ်းရိုးတန်း ဒေသများသို့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသ များဘက်မှ ၀င်ရောက်လာကြသည်။ ရခိုင်ကမ်းရိုးတန်းဒေသနှင့် သက်ဆိုင်သည့် သမိုင်းများကို လေ့လာသည့် အခါ ရှေးအကျဆုံး မင်းဆက်များနှင့် တိုင်းပြည် နယ်ပယ်များသည် စစ်တွေပတ်ဝန်းကျင် ဒေသတ၀ိုက်လောက်တွင် အခြေခံသည်ကို အများဆုံးတွေ့ရှိရသည်။
ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း ဒေသများ သို့ဝင်ရောက် ခြေချသည့် လူ့အဖွဲ့အစည်းများမှာ ပျူနှင့် အနွယ်တူကမ်းယံ လူမျိုးများ သည် ဧရာဝတီမြစ်ဝှမ်း အရပ်ဒေသများမှတဆင့် ၀င်ရောက် လာဖွယ်ရာရှိသည်။ ရခိုင်ရာဇ၀င်ဟောင်းများ၌ ရေးသား ဖေါ်ပြထားသည်မှာ ဗုဒ္ဓပွင့်တော် မမူမှီ လွန်ခဲ့သည့်နှစ် ပေါင်း ၅၀၀၀ ကျော်လောက်မှ စ၍ဓည၀တီ ကို တည်ထောင်သည့် မာရယု မင်းဆက် ၅၄ ဆက်မျှ စိုးစံခဲ့ကြောင်း ဒုတိယအကြိမ် ဓည၀တီကိုတည်ထောင်သည့်ကံရာဇာကြီး မင်းဆက် ၂၉ ဆက်မြောက် စန္ဒသူရိယမင်းသည် ဗုဒ္ဓနှင့် ခေတ်ပြိုင်ဖြစ်ပြီး မဟာမုနိရုပ်ပွားတော်ကို သွန်းလုပ်ခဲ့ကြောင်း ရေးသား ဖေါ်ပြကြသည်။
ရခိုင်ကမ်း ရိုးတန်းဒေသတ၀ိုက်တွင် တွေ့ရှိရသည့် သမိုင်းဝင်ထောက်အထားများအရ ပုဂံပြည် မတိုင်မှီ ရာစု နှစ်များစွာကပင် တိုင်းပြည် မင်းဆက်များ ထူထောင်ပြီးစီးကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် ဓည၀တီ၊ ဝေသာလီနှင့် လောင်းကြက် ပြည်များသည် သူ့ခေတ်နှင့် သူ့အခါ ထင်ရှားကြီးကျယ် သည့် တိုင်းပြည် များဖြစ်ခဲ့ကြသည်။ မြောက်ဦးခေတ် ရောက်သောအခါ ရခိုင်ဘုရင်များသည် ရခိုင်ကမ်းရိုးတန်းဒေသတ ခုလုံးကိုစည်းလုံး သိမ်းသွင်းနိုင်ခဲ့ရုံမျှမက၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေနှင့် အိန္ဒိယနိုင်ငံ တြိပူရ ဒေသများကိုပါ နှစ်ပေါင်း ရာနှင့်ချီ၍ သိမ်းပိုက်ထားနိုင်ခဲ့ကြသည်။ မြန်မာတနိုင်ငံလုံး ကို စတင်စည်းရုံးခဲ့သည့် ပုဂံမင်းဆက်ဘုရင်များသည်လည်းကောင်း၊ ဒုတိယ မြန်မာနိုင်ငံကို ထူထောင်သည့် ဘုရင့်နောင်သည်လည်းကောင်း၊ တတိယမြန်မာနိုင်ငံကို စည်းလုံးတည်ထောင်သည့် အလောင်းဘုရားသည် လည်းကောင်း ရခိုင်ပြည်ကို မြန်မာနိုင်ငံ၏ နယ်ပယ် တစ်ခု အဖြစ်သို့ မသိမ်းသွင်းနိုင်ခဲ့ကြချေ။ီရခိုင်သည် ၁၈၇၄ ရောက်မှသာ ဘိုးတော်ဗဒုံမင်းလက်အောက်သို့ ကျရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ပါဝင်လာခဲ့သည်။
ဘာသာရေး
ရခိုင်များသည် ဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်ကြသည်။ ရှေးအစဉ်အဆက်ကတည်းက ဘာသာရေးကို ရိုသေကိုင်းရှိုင်း ကြသည်။
ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ
ရခိုင်လူမျိုးတို့ သည် ရခိုင်ဘာသာစကားနှင့် မြန်မာဘာသာစကားကို အများဆုံး အသုံးပြုကြသည်။ ရခိုင်ဘာသာစကားနှင့် မြန်မာ ဘာသာစကားသည် အတော်များများတူပြီး ရ-သံ /r/ နှင့် ယ-သံ /j/ ထွက်ကွာသည်။ ရခိုင်စာပေ အရေးအသားနှင့် မြန်မာစာပေး အရေး အသားသည် ဆင်တူသည်။ ရခိုင်လူမျိုးတို့သည် များသောအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြသည်။ သူတို့သည် အရှေ့တောင်အာရှ၏ ပထမဦးဆုံးသော ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်သူများ ဖြစ်ကြသည်။ ရခိုင်ယဉ်ကျေးမှုသည် ထေရဝါဒ ဗုဒ္ဓဘာသာ အခြေခံထား၍ပေါ်ပေါက်လာခဲ့သည်။ ရခိုင်လူမျိုးတို့၏ စာပေ၊ ဂီတ နှင့် အနုသုခုမပညာရပ်တို့သည် ဘာသာရေးကို အခြေခံပြီး တိုးတက်လာခဲ့သည်။ ရခိုင်လူမျိုးတို့၏ ကျင် အားကစားနှင့် ရခိုင်ဆီမီးခွက်အကတို့သည်ထင်ရှားသည်။
ဝတ်စားဆင်ယင်မှု
ရခိုင်လူမျိုးများသည် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် နေထိုင်ပြီး ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည် မှုတွင် အစဉ်အလာ ကြီးမားသည်။ ရခိုင်အမျိုးသားများသည် ပုဝါစကို နဖူးတွင် စည်းနှောင်ထားပြီး ရင်ဖုံး တိုက်ပုံကိုရိုးရာပုဆိုးနှင့်တွဲဖက်ဝတ်ဆင်ကြသည်။အမျိုးသမီးများသည်ဇာပုဝါကိုရင်စလွယ်သိုင်းပြီးကော် လာမဲ့ ရင်စေ့လက်ရှည်အင်္ကျီကို ရိုးရာလုံချည်နှင့် တွဲဖက်ဝတ်ဆင်သည်။ ၁၅ မှ ၁၈ ရာစု ရခိုင်မင်းဆက်များ၏ ဗိသုကာ လက်ရာများနှင့် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော အဆောက်အဦးများကို မြောက်ဦးမြို့တွင်လေ့လာ နိုင်သည်။
စာပေ သမိုင်းကြောင်း
ရခိုင် စာပေသည် ဓည၀တီခေတ် (အေဒီ တစ်ရာစု) ခန့်ကပင် စတင် ထွန်းကားခဲ့ကြောင်း၊ အထောက်အထားတွေ့ရသည်။ ဓည၀တီ မြို့ဟောင်းအနီးမှ တောင်ပေါက်ကြီးကျောက်စာတွင် အသောကခေတ်က အသုံးပြုခဲ့သော ဗြဟ္မီအရေးအသားဖြင့် ရေးထိုးထားသည်ကိုတွေ့ရသည်။ ထို့ပြင် ဗြဟ္မီအက္ခရာ အရေးသား စာတန်းပါ ဗိုက်ပူဘုရား ကျောက်စာသည်လည်း ဓည၀တီခေတ် ရခိုင်စာပေ ထွန်းကားမှု၏ သက်သေ ပင် ဖြစ်ပါသည်။ ဝေသာလီခေတ် (အေဒီ လေးရာစုမှ ဆယ်ရာစု) တွင် ရခိုင်စာပေ ထွန်းကားမှုသည် ကျယ်ပြန့်ခဲ့ပါသည်။ အေဒီ ခြောက်ရာစု ဂုပ္ပတ အက္ခရာ ဖြင့် ရေးထိုးထားသော ယေဓမ္မာ ရခိုင်ကျောက်စာများစွာကို ဤခေတ်တွင် တွေ့ရသည်။ ဝေသာလီခေတ်၏ အထင်ရှားဆုံး ကျောက်စာမှာ အေဒီ ၇၂၉ တွင် ရေးထိုးသော အာနန္ဒစန္ဒြမင်း ကျောက်စာဖြစ်သည်။ ထိုကျောက်စာတွင် ရခိုင် မင်းဆက်များကို ဂါထာ ၆၅ ဂါထာဖြင့် ရေးထိုးထားသည်။ ထိုသို့ မင်းစဉ်မင်းဆက်များကို အစအဆုံးမှတ်တမ်း တင်ထားသည့် ကျောက်စာမျိုးမှာ မြန်မာပြည်တွင်သာမက အိန္ဒိယပြည်တွင်ပါ အစောဆုံးဟု သိရသည်။ ဝေသာလီခေတ်တွင် ကျောက်စာများသာမက မော်ကွန်းလင်္ကာ၊ သျွှန်းလိုက်ရတု၊ စသည့် ရတုကဗျာများ ထွန်းကားခဲ့သည်။ အမတ်ကြီး မေဓပညာရေးသားသည့် မေဓပညာ မော်ကွန်းလင်္ကာမှာ ဝေသာလီခေတ် လက်ရာဟု ထင်ရှားသည်။ လေးမြို့ခေတ် (အေဒီ ၁၁ ရာစု ၁၅ ရာစု) တွင် ကျောက်စာအရေးအသားများများနှင့် အတူ ကဗျာစာပေများလည်း ထွန်းကားသည်။ ဗျည်း ၃၃ လုံးလင်္ကာမှာ လေးမြို့ခေတ်တွင် ပေါ်ထွန်းခဲ့ခြင်းဖြစ်ပြီး၊ မြန်မာစာပေတွင် ထင်ရှားသည့် လောကသာရပျို့ကို ရခိုင်သူမြတ်က လေးမြို့ခေတ်တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။ လေးမြို့ခေတ် ရခိုင် ကျောက်စာများအနက် ထင်ရှားသော ကျောက်စာများမှာ လောင်းကြက်တောင်မော် ကျောက်စာနှင့် မဟာထီး မီးကျောင်းရုပ် ကျောက်စာတို့ ဖြစ်သည်။ လောင်းကြက်တောင်မော် ကျောက်စာသည် အလျား ပေ ၃၀ ရှိပြီး မြန်မာပြည်တွင် အကြီးဆုံး ကျောက်စာ ဖြစ်သည်။ မြောက်ဦးခေတ်တွင် ရေးစပ်သီကုံးခဲ့သော ဘဒူမင်းညို၏ ရခိုင်မင်းသမီးဧချင်း၊ နန်းတွင်းမိညို၏ ကိုယ်ရည်သွေးရတုနှင့် စာဆို ဥက္ကာပျံ၏ ၁၂ လ ရာသီ ရတုတို့မှာ ကျော်ကြားသည်။
မြောက်ဦးခေတ် ရခိုင်စာဆိုတော် ဥက္ကာပျံ၏-
အောက်အာကာဗွီ၊ ၀ါယောထွီ၍
ရီထက်ကားမြီ၊ မြီထက်လီနှင့်
ပထ၀ီဟု၊ ထူထု နှစ်သိန်း၊
လေးသောင်းကိန်းထက်၊ ရံသိန်းစကြာဝဠာ
ညီစွာဝန်းလည်၊ ကျောက်တိတည်ကား
ဟူသည့် မိုးဖွဲ့ရတုသည် ရခိုင်ဘာသာစကား၊ ရခိုင်သံ၊ ရခိုင်ကာရန် တို့ဖြင့် ရေးဖွဲ့ထားသည့် ရခိုင်စာပေ ၏ အကောင်းဆုံး သာဓက ပြယုဂ် ဖြစ်သည်။
ရခိုင်ခေတ်များ
ဝါသုဒေ၀ညီနောင်တကျိပ်တို့တည်ထောင်သော ဒွါရာဝတီခေတ်
ပထမ ဝေသာလီခေတ် သက္ကရာဇ် ၅၃၁၆ မှ ၃၃၂၅ BCE အထိ၊
ပထမ ဓညဝတီခေတ် သက္ကရာဇ် ၃၃၂၅ မှ ၁၅၀၇ BCE အထိ၊
ဒုတိယ ဓညဝတီခေတ် သက္ကရာဇ် ၁၅၀၇ မှ ၅၈၀ BCE အထိ၊
တတိယ ဓညဝတီခေတ် သက္ကရာဇ် ၅၈၀ BCE မှ ၃၂၇ ADE အထိ၊
ဒုတိယ ဝေသာလီခေတ် သက္ကရာဇ် ၃၂၇ မှ ၈၁၈ ADE အထိ၊
လေးမြို့ခေတ် သက္ကရာဇ် ၈၁၈ မှ ၁၄၃၀ ADE အထိ၊
မြောက်ဦးခေတ် သက္ကရာဇ် ၁၄၃၀ မှ ၁၇၈၄ ADE အထိ၊
ရခိုင်ပြည်နယ်ရှိမြို့များ
ပြည်နယ်မြို့တော် စစ်တွေ
အကျယ်အ၀န်း ၁၄၂၀၀ စတုရန်းမိုင်ခန့်
လူဦးရေ ၃.၈၃၆ သန်းခန့် (၂၀၁၀ ပြည့်နှစ် စာရင်း)
ခရိုင် ၅ ခရိုင်
မြို့နယ် ၁၇ မြို့နယ်
ကျောက်တော်မြို့
ကျောက်ဖြူမြို့
ဂွမြို့
စစ်တွေမြို့
တောင်ကုတ်မြို့
ပုဏ္ဏားကျွန်းမြို့
ပေါက်တောမြို့
ဘူးသီးတောင်မြို့
မာန်အောင်မြို့
မောင်တောမြို့
မင်းပြားမြို့
မြေပုံမြို့
မြောက်ဦးမြို့
ရသေ့တောင်မြို့
ရမ်းဗြဲမြို့
သံတွဲမြို့
အမ်းမြို့
ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးများ
၁၉၈၂ မြန်မာနိုင်ငံသား အက်ဥပဒေအရ၊ တရားဝင် အသိအမှတ်ပြုထားသော၊ မြန်မာနိုင်ငံ၏ တိုင်းရင်းသား (၁၃၅) မျိုးတွင် ပါဝင်သည့် ရခိုင်ပြည်နယ်မှ လူမျိုး နှင့် မျိုးနွယ်စု (၇) မျိုးမှာ အောက်ပါ အတိုင်း ဖြစ်သည်။
ရခိုင်လူမျိုး
ကမန် မျိုးနွယ်စု
ခမွီး မျိုးနွယ်စု
ဒိုင်းနက် မျိုးနွယ်စု
မရမာကြီး မျိုးနွယ်စု
မြို မျိုးနွယ်စု
သက် မျိုးနွယ်စု
ကိုးကား
ရခိုင်ရာဇ၀င် ။ အောင်သာဦး
စန္ဒမာလာလင်္ကာရ။ ရခိုင်ရာဇ၀င်သစ် ရခိုင်သမိုင်း ၊ ၁၅ ၊ ၁၈ ရာစု
အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅
မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)

ရခိုင်တိဧ့ အားနည်းချက်
~~~~~~~~~~~~~
အကျွန်မပြောချင်ပါ၊ အီးလို့နီစွာရာ ကောင်းပါရေ၊ ယေလေ့ မခံနိုင်ပါယာ၊
ရခိုင်စာစောင်တိ ရခိုင်ဂျာနယ်တိရေ ရခိုင်စကားနန့် မရီးသားကတ်ပါယာ၊ ဗမာစကားနန့်ရာ ရီးပါလာကတ်ယာ။
ယေဇု အကျွန်နန့် ရင်းနီးရေ ရခိုင့်အသံဂျာနယ်ကို မီးကြည့်ဖို့ပျင်ခါ ---
အယ်ဒီတာက ဂျာနယ်လိုက်ပို့နီရရေ ဘ၀၊ အယ်ဒီတာက နှစ်ယောက်ရာ ဟိပါရေလတ်၊ စိုင်းစားကြည့်ခီကေလေ့ ရင်လီးရရေ၊ လွန်ခရေ လခွဲကဆိုကေပင် မျှစ်နန့် မြစ်မှားလခလို့ မျက်နှာတိ မကောင်းကတ်၊ ယေတောင်မ ဗမာအရီးအသားနန့်ပါသိ၊ ရခိုင်ပိုင်လိုက်ရီးခီကေ မယ်သယ်ပိုင် ပြောလှာကတ်မေ မသိ၊ယဗြီးကေ ကွန်ပျူတာစာစီတိမာလေ့သော့ အယ်ဒီတာရာ လုပ်ရရေ၊ အမှားတိကိုလေ့ ကြည့်၊ အစစအရာရာမာ နှစ်ယောက်တည်းလုပ်ရကေ ချွတ်ယွင်းချက်ချေတိ အနည်းနန့် အများ မြင်ရကတ်ပါဖို့ယာ၊ လူငှားဖို့ ငွေလည်းမပီးနိုင်၊ မပီးကေ ငှားလို့မရ၊ ညည့်ရာ မအိပ်ရ၊ အရာခပ်သိမ်းမာ မမချေနှစ်ယောက်တည်း လုပ်နီရကေ မှားကတ်ပါဖို့ယာ မနား၊ ဝေဖန်လာကတ်စွာမာလေ့ များလာကတ်တေခါ အကျွန့်အနီနန့် ဇာပိုင်ပြောခီရဖို့မှန်းတောင်မသိပါယာ၊ ဝေဖန်စွာလေ့ အပြစ်မမြင်ပါ၊ နောက်ဆုံးပြောချင်စွာက တိုးတက်ရေးဂျာနယ်လေ့ အပိတ်ခံရရေခါ ရခိုင့်အသံတစ်ခုရာဟိပါယာ၊ ယင်းတွက်နန့် ရခိုင်သားတိ အမျိုးသားရီးကို အခြီခံပနာ ဂျာနယ်တစောင်ကောင်းလှာဖို့အတွက် ၀ိုင်းဝန်းကူညီကတ်ကေ မကောင်းပါလား။ ။

ပီပြင်ခိုင်မာသော ရခိုင်သမိုင်း
(ပြန်လည် ချေပခြင်း)
•••••••••••••••••••••••••••••••••••••••
``ရခိုင်လူမျိုးကို ချစ်တေဆိုကေ၊
ရခိုင်ကိုစော်ကားလို့မချိယောင်
နာရေဆိုကေ ဒေဆောင်းပါးကို
ဖတ်ဖြစ်ယောင်ဖတ်ပီးကတ်ပါ။
စိတ်ရှည်ရှည်ထားပျာ
ဆုံးယောင်ဖတ်ပီးကတ်ပါ။
မအားလပ်တေကြားထဲက
အချိနိကုန်ခံ၊အပင်ပန်းခံပြီးရီးထားစွာဖြစ်တေအတွက်အကျွန့်
စေတနာကိုအသိမှတ်ပြုကေ ဖတ်ကြည့်ပါ။ဖတ်ကြည့်လို့
သဖောကျခကေ ဘူးသီးတိ
သိယောင် ရှယ်ပီးကတ်ပါ''
ဤဆောင်းပါးသည်
ရခိုင်သမိုင်းကိုနကန်းတစ်လုံးမျှ မသိဘဲ၊ရခိုင်ပြည်ကိုခြေတစ်ဖဝါးမှ မချဖူးဘဲမရမာစိတ်ကူးယဉ်စာရေးဆရာများ၏ ကိုယ့်ဘက်ကိုယက်၊
ကိုယ်လိုချင်ရာဆွဲရေးသားထားသောအပေါစားလမ်းဘေးဝတ္ထု
စာအုပ်များကိုဖတ်ရင်း
လေဖမ်းဒန်းစီး၊အသံဖမ်းတရားနာ
ကာ ရခိုင်တစ်မျိုးသားလုံးကို
သမိုင်းနဲ့ချီပြီးစော်ကားနေသော
မြန်မာ(ဗမာ)များအတွက် ရည်ရွယ်တန်ပြန်ချေပရေးသား
လိုက်သည်။ထိုသို့ရေးသား
ရာတွင် တစ်ဘက်လူမျိုးတစ်စုအား
ုအနည်းငယ် ထိခိုက်ကောင်း
ထိခိုက်လိမ့်မည်။သို့သော်တစ်မျိုးသားလုံးကိုထိခိုက်စော်ကားရေးထားသည့်အတွက်မပြောရင် မရတော့သည်မို့ အားနာနာဖြင့်ပင်
တန်ပြန်ချေပရေးသားခြင်းဖြစ်
သည်။ကိုယ့်ဝမ်းနာကိုယ်သာသိဆိုသလိုတိုက်ဆိုင်မှုရှိလျင်နားလည်ပေးပါလို့ပြောရုံမှလွဲတခြားပြော
စရာ မရှိတော့ပါ။
ရခိုင်သမိုင်းသည် သင်တို့လူတစ်စုပြောသကဲ့သို့
ဒဏ္ဍာရီလည်းမဟုတ်သလို
အတုလည်းမဟုတ်ပါ။
တိကျခိုင်မာသောခုနှစ်သက္ကြဇ်၊
တိကျခိုင်မာသောမင်းဆက်အမည်
တို့ကို ရခိုင်သမိုင်းအစောင်စောင်
ကျမ်းဂန်အစောင်စောင်တို့တွင်
လေ့လာနိုင်သည်။ထိုကျမ်းကန်များအပေါ် ကျောက်စာ၊ပေစာ၊
ခေါင်းလောင်းစာ၊ဒင်္ဂါးစာ၊
ကြေးနီပြားစာ၊မြေပြင်ပေါ်ရှိရှေး
ဗိသုကာလက်ရာများ၊
တူးဖော်ပြီးသား မြို့ဟောင်းများမှ
အတည်ပြုချက် ပေးထားသည်။
ထိုကဲ့သို့ ခိုင်မာသော သက်သေအထောက်အထားတွေရှိပါလျက် ဒဏ္ဍာရီဟု ပြောဆိုစော်ကားလိုက်ခြင်းမှာ
ရခိုင်တစ်မျိုးသားလုံးအပေါ် သမိုင်းနဲ့ချီပြီးစော်ကားလိုက်ခြင်း
သာဖြစ်သည်။
လူမျိုးတိုင်းတွင် သမိုင်းတင်ခေတ်(သမိုင်း)နှင့် သမိုင်းမတင်မီခေတ်(ရာဇဝင်)
ဟူ၍ရှိသည်။ဤနေရာတွင် ရာဇဝင်နဲ့သမိုင်း ခြားနားချက်ကို
အနည်းငယ်ပြောချင်သည်။
ရာဇဝင်ဟူသည်မှာ သမိုင်းကဲ့သို့
ခုနှစ်သက္ကရာဇ်သက်သေ
အထောက်အထား ခိုင်မာမှု
သိပ်မရှိသောခေတ်ကို ဆိုလိုပြီး
သမိုင်းဆိုသည်မှာ ခုနှစ်သက္ကရာဇ်
သက်သေအထောက်အထားများ
ခိုင်မာပီပြင်မှုရှိသည်။
ရခိုင်သမိုင်းမတင်မီခေတ်များမှာ
ဝါသုဒေဝညီနောင်တကျိပ်တို့
တည်ထောင်သော ဒွါရာဝတီခေတ်
ပထမဝေသာလီခေတ်
(BC ၅၃၁၆ - BC ၃၃၂၅ ထိ)
သမိုင်းတင်ခေတ်များမှာ
ပထမဓညဝတီခေတ်
(BC ၃၃၂၅ -BC ၁၅၀၇ ထိ)
ဒုတိယဓညဝတီခေတ်
(BC ၁၅၀၇ - BC ၅၈၀ ထိ)
တတိယဓညဝတီခေတ်
(BC ၅၈၀ - AD ၃၂၇ ထိ)
ဝေသလီကျောက်လှီကားခေတ်
(AD ၃၂၇ -AD ၈၁၈ ထိ)
လေးမြို့ခေတ်
(AD ၈၁၈ - AD ၁၄၃၀ ထိ)
မြောက်ဦးခေတ်
(AD ၁၄၃၀ - AD ၁၇၈၄ ထိ)
ဟူ၍ဖြစ်သည်။
Kaung Khant ဆိုသော သူစော်ကားထားသည်မှာ
တတိယဓညဝတီခေတ်နဲ့ လေးမြို့ခေတ်မှလွဲ၍ ကျန်ခေတ်များမှာ ဒဏ္ဍာရီဟု
သွားပုတ်လေလွင့် ပြောဆို
ထားသည်။ဤစကားကိုထောက်
ခြင်းဖြင့် Kaung Khant သည် ရခိုင်သမိုင်းအပေါ်မူကြိုအရွယ် ရခိုင်ကလေးငယ်တစ်ယောက်လောက်တောင် မသိသည်မှာ
ထင်ရှားနေသည်။အကြောင်းမှာ
အကြီးကျယ်ဆုံးနဲ့ အမြင့်မားဆုံး
ယဉ်ကျေးမှုထွန်းကားမှုဆီသို့
ရောက်ရှိခဲ့သည့် ရခိုင်နိုင်ငံတော်၏
နောက်ဆုံးခေတ်ကို ချန်လှပ်ထားခဲ့ခြင်းကြောင့်
ဖြစ်သည်။မြောက်ဦးခေတ်သည် သမိုင်းဝါသနာရှင်၊သုတေသီ၊
သမိုင်းပညာရှင်တွေကိုအသာ
ထား၍အတန်းပညာဘာမှမတတ်သည့်ဘဝသမားတွေကအစ တစ်ကမ္ဘာလုံးသိသည်။
သမိုင်းပညာရှင်ကဲ့သို့ထင်မှတ်ကာ
သွေးနားထင်ရောက်နေသည့် Kaung Khant ဆိုသူမသိလေခြင်းမှာ ရှက်တတ်ရင် မတ်တတ်တောင်
သေလို့ရသည်။မြောက်ဦးခေတ်
သည်ပူပူနွေးနွေးသာရှိသေးပြီး
မောင်ဝိုင်းလက်ချက်ကြောင့်
အသတ်ခံလိုက်ရသည့် ရခိုင်အလောင်းတွေကိုဖော်ကြည့်
လျှင် သွေးစက်တွေတောင် မခမ်းလောက်သေးပါ။မီးတိုက်ခံ
လိုက်ရသည့် ရခိုင်နန်းတော်လည်း
မီးခိုးတောင် မတိတ်သေးပါ။
အရည်ဖျော်ခံလိုက်ရသည့် နန်းတော်ခေါင်မိုးကြေးပြား
တွေကတော့
မင်းကွန်းခေါင်းလောင်းအဖြစ်
အသံလည်းမြည်၊ ကမ္ဘာ့တတိယ
အကြီးဆုံးအဖြစ် တိဗက်
မြန်မာများအတွက် လူရာဝင်ပေးခဲ့ပြီ။
သည်အကြောင်းတွေထားလိုက်ပါ။ဆောင်းပါးလိုရင်းကို ပြန်ဆက်ပါမည်။ရခိုင်သမိုင်းတင်ခေတ်ကို ခွဲခြမ်းစိပ်ဖြာကြည့်လျှင်
သူ့ခေတ်နဲ့သူ တိကျခိုင်မာသည့်
သမိုင်းတွေကိုရုပ်ဝတ္ထုအထောက်အထားအထားတွေက ခန့်ညား
ထည်ဝါစွာဖြင့်သက်သေရှိပြီးသား
ပါ။ရခိုင်သမိုင်းဟူသည်မှာ ဘာသက်သေအထောက်အထားမျှ မရှိဘဲ စိတ်ကူးယဉ် အပျော်တမ်း
ရေထားသည့် သမိုင်းမဟုတ်ပါ။
နိုင်ငံတကာသမိုင်းစံညွှန်းတွေနဲ့
ကိုက်ညီသည့် အထက်မှာဖော်ပြပြီးသော သမိုင်းအထောက်အထားတွေ ပြည့်ပြည့်စုံစုံ ရှိထားသည့်
ကမ္ဘာ့အသိအမှတ်ပြု
သမိုင်းဖြစ်သည်။
ဤကဲ့သို့သမိုင်းအထောက်အထားတွေ ပြည့်စုံနေသည်ကို မနာလိုသောလူမျိုးစုတစ်စုက
ရခိုင့်ရှေးအမွေအနှစ်တွေအပေါ် ခေတ်အဆက်ဆက် လိုက်လံဖျက်ဆီးပစ်ခဲ့သည်။
ခုချိန်ထိလည်းရထားလမ်းဗန်း
ပြကာဖြိုတူးပစ်ခဲ့ပြီးပါပြီ။
ဆက်လက်၍လည်း ဖြိုပစ်နေကြအုံးမည်ဟု
မျှော်လင့်ရသည်။ကျနော့် အရင်ဆောင်းပါးတွေမှာလည်း
ခဏခဏရေးဖူးသည်။သမိုင်းဆိုတာ သည်ရုပ်ဝတ္ထုသက်သေတွေရှိ
မှ စံမှီတာ၊အတည်ဖြစ်တာ။
တည်တံ့တာ၊ခိုင်မာတာ စသည်ဖြင့်
ရေးခဲ့ပြီးဖြစ်သည်။အကယ်၍
ဤအရာတွေသာ မရှိတော့လျှင် ထိုလူမျိုး၏ သမိုင်းဟူသည်မှာ
စိတ်ကူးယဉ်ဝတ္ထုစာအုပ် (သို့)
ထို့ထက် အဆင့်နိမ့်သော
စက္က္တူစုပ်အဆင့်သို့ သူ့အလိုလို
ရောက်သွားနိုင်သည်။ယခုလို
သမိုင်းအထောက်အထားတွေ
ပြည့်စုံနေချိန်မှာတောင်
ဟိုသူကစော်ကား၊
သည်လူကစော်ကားဖြစ်နေလျှင်
အထောက်အထားတွေ
အစဖျောက်ခံလိုက်ရ၍ ပျက်စီး
နည်းပါးသွားသည့်အခါဝယ်
ရခိုင်သမိုင်းအပေါ်
စော်ကားမည့်သူတွေ၊
အပုတ်ချမည့်သူတွေ၊လှောင်ပြောင်မည့်သူတွေ မည်ရွေ့မည်မျှ ပေါ်လာလိမ့်မည်မသိ။ထိုအခါများတွင် ရခိုင်သမိုင်းကို စာအုပ်ကိုင်ပြီး
ရှင်း၍ရတော့မည်မဟုတ်ဘဲ
လက်နက်တစ်ခုခုဆောင်ပြီး
ရှင်းမှရလိမ့်မည်။အကြောင်းမူကား
အထောက်အထားတွေက
အစဖျောက်ခံလိုက်ရပြီကိုး။
အထောက်အထားတွေ မပြနိုင်တော့သည့်သမိုင်းတစ်ခု
အပေါ် မည်သည့်လူမျိုး၊မည်သည့် မျိုးဆက်သစ်ကမှ လက်ခံကြတော့မည်မဟုတ်ပေ။
သို့အတွက်ရုပ်ဝတ္ထုသမိုင်း
အထောက်အထားသည် လူမျိုးတစ်မျိုး၏ သမိုင်းအတွက် အသက်သွေးဖြစ်သည်။သည်အရာတွေပျောက်ကွယ်သွားလျှင် ထိုလူမျိုး၏သမိုင်းလည်း ပျောက်ကွယ်သွားမည်မှာ သေချာနေသည်။
ရခိုင်သမိုင်းတင်ခေတ်များထဲ၌
ပထမဓညဝတီ၊ဒုတိယဓညဝတီ
လေးမြို့ခေတ်မှ လွဲ၍ ကျန် မြို့ဟောင်းများ
(တတိယဓညဝတီ၊ဝေသာလီ
ကျောက်လှေကား၊မြောက်ဦး
ကတော့တူးစရာမလို။ပေါ်နေသည်)
မှာတူးဖော်ပြီးသားဖြစ်သည်။
ပထဓညဝတီမှာ ယခုချင်းပြည်နယ်ပန်းတောင်
(ယခင်ခေတ်ဦးဓညဝတီတိုင်းပြည်)
တွင် ရှိသည်။ဒုတိယဓညဝတီမှာ
လည်းယခုချင်းပြည်နယ်
နီလာပန်းတောင်(ယခင် ခေတ်ဦးဓညဝတီပြည်)တွင်ရှိသည်။
သုတေသနလုပ်ရန်၊ တူးဖော်ရန်သာကျန်တော့သည်။
ပါဠိဘာသာစကားပါ
ဓညဝတီခေတ်ကျောက်စာများ
**************************
တတိယဓညဝတီခေတ်မှ
ရခိုင်ကျောက်စာများတွင် ပါဠိဘာသာစကားဖြင့်ရေးထိုးခဲ့ပြီး
ဝေသာလီခေတ်ကျောက်စာများ
တွင် ပါဠိ၊ပါဠိ + သက္ကတ၊
ရခိုင်ဘာသာများဖြင့် ရေးထိုးခဲ့
ကြသည်။ရခိုင်ဘုရင်
အာနန္ဒစန္ဒြားကျောက်စာ(
AD-၇၂၉)တွင်သက္ကတဘာသာဖြင့်ရေးထိုးထားသည်။ဤသည်ကို
သကောင့်သားကရခိုင်ကျောက်စာများတွင်ပါဠိ၊သက္ကတဘာသာ
များဖြင့်ရေးထိုးထားသည့်အတွက်
ရခိုင်ကျောက်စာမဟုတ်။သက်
နဲ့ ဘင်္ဂလီကျောက်စာသာ
ဖြစ်သည်ဟု စော်ကားထားသည်။
ဤသည်ကို ရှင်းပါမည်။
ခေတ်ဦးရခိုင်များသည် မာဂဓတိုင်းပြည်တွင်နေထိုင်ခဲ့ကြပြီးထိုမှတဆင့်ယခုရခိုင်ကမ်းရိုးတန်းဒေသသို့အခြေချခဲ့ကြသည်။
ခေတ်ဦးရခိုင်များ(မာဂဓ)သည်
ပါဠိဘာသာစကား(မာဂဓဘာသာ
စကား)ကိုပြောဆိုခဲ့ကြသည်ဟု
သမိုင်းပညာရှင် ဆရာကြီးဦးရွှေဇံ
ရေးသားသော ရခိုင်သမိုင်း
အလင်းပြကျမ်းတွင်ဖော်ပြထား
သည်။ဂေါတမမြတ်စွာဘုရားရှင်
သည်အသားဝါမာဂဓလူမျိုးဖြစ်
သည်။ထို့ကြောင့်မာဂဓလူမျိုး ဖြစ်သည့်ရခိုင်လူမျိုးများအပေါ်သာကီဝင်လူမျိုးဟုခေါ်ဆိုကြခြင်းဖြစ်
သည်။ရခိုင်တို့ယနေ့တိုင်ပြောဆိုနေသောဘာသာစကားများသည် ပါဠိဘာသာစကားများမှ ဒါရိုက်ဆင်းသက်ပြောင်းလဲ
လာသောစကားများဖြစ်သည်။
ထို့ကြောင့် ဓညဝတီခေတ် ရခိုင်
ကျောက်စာများတွင်ပါဠိဘာသာ
စကား(မာဂဓ)ဖြင့်ရေးထိုးခဲ့ခြင်းဖြစ်သည်။ဘာသာစကားဟူသည် ပြောင်းလဲတတ်သော သဘောရှိသည်။မြန်မာစကား
တွင်လည်း ပုဂံခေတ်မှ မြန်မာစကားနဲ့သည်ကနေ့ခေတ် မြန်မာစကားမတူတော့သလို
ဓညဝတီခေတ်မှရခိုင်ဘာသာစကားနဲ့ သည်ကနေ့ခေတ်
ရခိုင်ဘာသာစကားမတူနိုင်ပါ။
ထိုနည်းတူသုဝဏ္ဏဘူမိသထုံခေတ်မှ မွန်ဘာသာစကားနဲ့ ယနေ့
ခေတ်မွန်ဘာသာစကားမတူတော့ပါ။ဤသည်မှာ မည်သူမျှ တားဆီးပိတ်ပင်ထား၍ မရသော
ဘာသာစကား၏ပြောင်းလဲတတ်သည့် သဘောသဘာဝ၊တစ်နည်း သင်္ခါရသဘောတရားများပင်
ဖြစ်သည်။ခေတ်ဦးရခိုင်များသည်
ပါဠိဘာသာစကား ပြောခဲ့သည်ကို
ယနေ့လက်ရှိထိပြောဆိုနေသေးသော ပါဠိဘာသာစကား အငွေ့အသက်များက သက်သေ
ခံနေသည်။ဥပမာအာဂန္ဓု
(ဧည့်သည်)၊ဝီစိကစ္ဆာ(အငြင်းအခုန်)ဂန္ဓုဂန္ဓာကျ(ဈေးဦးပေါက်)
ဝါသည်မုသာဝါဒမှလာသည်(ညာသည်)အစရှိသသည်ဖြင့်။ဓညဝတီခေတ်ဦးရခိုင်များသည် ပါဠိဘာသာစကား(မာဂဓဘာသာစကား)ပြောခဲ့သည်ကိုသမိုင်းပညာ
ရှင်အားလုံးလက်ခံထားပြီးဖြစ်သည်။နောက်ထပ်ထင်
ရှားသည့်သာဓကတစ်ခုမှာ
အိန္ဒိယပြည်သားများသည်
ရခိုင်များအပေါ် မာဂ်(Mah)
ဟု ယနေ့တိုင် ခေါ်နေဆဲဖြစ်သည်။
ဤသည်မှာ ရှေးရခိုင်များ ပါဠိဘာသာစကား(မာဂဓစကား)
ပြောဆိုခဲ့ခြင်း၏ အကောင်းဆုံး
သက်သေတစ်ခုဖြစ်သည်။ဤ
လောက်ဆိုလျှင် ဓညဝတီခေတ်
ရခိုင်ကျာက်စာများတွင်
ပါဠိဘာသာဖြင့် ဘာ့ကြောင့်
ရေးထိုးခဲ့သည်ကို သဘော
ပေါက်လိမ့်မည်ဟု ယူဆမိသည်။
ပါဠိဘာသာစကားသည်
Kaung Khant ပြောသလို
ဘင်္ဂလီဘာသာစကားမဟုတ်ပါ။
ပါဠိဘာသာစကား(မာဂဓဘာသာစကား)မှာ မာဂဓလူမျိုးတို့၏
ဘာသာစကားသာဖြစ်သည်။
မြတ်စွာဘုရားရှင်မှာ မာဂဓ
လူမျိုးဖြစ်သဖြင့်တရားဒေသနာတော်များကိုလည်းမိခင်မာဂဓ(ပါဠိ)ဘာသာစကားဖြင့်ဟောကြားခဲ့
ခြင်းဖြစ်သည်။သက္ကတဘာသာစကားသည်သာဘင်္ဂလီစကားဖြစ်
သည်။မာဂဓ(ပါဠိ)ဘာသာစကားနဲ့သက္ကတဘာသာစကားကသပ်သပ်စီပါ။ဝေဖန်စော်ကားသူသည်ရခိုင်တွေအပေါ်မုန်းတီးစိတ်ကိုသာ ရှေ့တန်းတင်ပြီးပါဠိဘာသာ(မာဂဓ)စကားကိုသက္ကတဘင်္ဂလီဘာသာစကားနဲ့တူသည်ဟုရောချလိုက်
သည်မှာ ဂဃနဏသိသူများအဖို့ လှောင်စရာဖြစ်နေသည်။သက္ကတဘာသာစကား(ဘင်္ဂလီ)နဲ့ ပါဠိဘာသာစကား(မာဂဓ)မတူ
သည်ကိုသူ့ခမျာသိဟန်မပေါ်။ရခိုင်ခေတ်ဦးကျောက်စာများတွင် ပါဠိဘာသာစကားဖြင့်ရေးထိုးခဲ့
သည်မှာအဆန်းတကြယ်မဟုတ်
ပါ။အဘယ့်ကြောင့်ဆိုသော်
ခေတ်ဦးရခိုင်များပြောစကားမှာ
ပါဠိဘာသာစကားပြောသော
ကြောင့်ဖြစ်ပြီးထိုမှတဆင့် ယနေ့ခေတ်ရခိုင်ဘာသာစကားသို့ တဖြည်းဖြည်းပြောင်းလဲလာခဲ့
သည်။
သက္ကတဘာသာစကားပါ
အာနန္ဒစန္ဒြားကျောက်စာ
************************
ဝေသာလီခေတ်အာနန္ဒ စန္ဒြားကျောက်စာတွင်မင်းဆက်နာမည်များအားသက္ကတဘာသာစကားဖြင့်ရေးထိုးထားသည်ကိုရှင်းပါမည်။ဝေသာလီခေတ် ရခိုင်ဘုရင်များလက်ထက်တွင်
ဘင်္ဂလားဒေသအထိပိုင်စိုးခဲ့သည်။ဘင်္ဂလားဒေသမှဘင်္ဂလီများသည် ရခိုင်ဘုရင်များအပေါ်အခွန်ဘဏ္ဍာများနှစ်စဉ်ဆက်သရသည်။နိုင်ငံရေးအရဘင်္ဂလားဒေသနေပြည်သူများ၏လူထုထောက်ခံမှုကိုရအောင်၊ဘင်္ဂလားလူထုအပေါ် အသိအမှတ်ပြုကြောင်း သင်္ကေတ
အဖြစ်သူတို့၏မင်းဆက်အမည်များ၊ ဘွဲ့တံဆိပ်တော်များကို သက္ကတ(ဘင်္ဂလီ)ဝေါဟာရများဖြင့်
မှည့်ခေါ်စေရုံမကကျောက်စာ
အချို့တွင်လည်းသက္ကတ
ဘာသာဖြင့်ရေးထိုးခဲ့သည်။
ဝေသာလီခေတ်ရခိုင်ဘုရင်များ
သည် အိန္ဒိယဘုရင်များ
ချီးမြှင့်သောဘွဲ့တံဆိပ်တော်များကိုပင်ရရှိခဲ့သည်။ဘင်္ဂလားဒေသ
အပေါ်အုပ်စိုးနေရသောအချိန်
ဖြစ်သည်မို့နိုင်ငံရေး၊အမျိုးသားစီး
ပွားရေးအရဝေသာလီခေတ်ရခိုင်ကျောက်စာတစ်ချို့တွင်သက္ကတဘာသာစကားပါနေသည်မှာ
အဆန်းတကြယ်မဟုတ်ပါ။
ကျောက်စာတွင်သက္ကတဘာသာ
စကားပါတိုင်းသာအာနန္ဒစန္ဒြား
ကျောက်စာသည်သက်လူမျိုး
ကျောက်စာ၊ဘင်္ဂလီကျောက်စာ ဖြစ်သည်ဟုမှတ်ယူစတမ်းဆိုလျှင်
မြန်မာပြည်က ပြူကျောက်စာ
များတွင်လည်းသက္ကတဘာသာ
စကား၊နာဂရီ၊ပါဠိဘာသာစကား
များပါနေသည်မို့ထိုကျောက်
စာများသည်ပြူ(မရမာကြီး)
ကျောက်စာမဟုတ်။သက်ကျောက်စာ၊ဘင်္ဂလီကျောက်စာ၊မာဂဓ
ကျောက်စာစသည်ဖြင့်ပြောရ
လိမ့်မည်။ထို့အပြင်သုံးထားသောအက္ခရာများမှာလည်း ဗြဟ္မီအက္ခရာမှခိုးယူထားသော
ဆင့်ပွားအက္ခရာများဖြစ်နေသော
ကြောင့်ထိုအက္ခရာများမှာမာဂဓ(ဗြဟ္မီ)အက္ခရာများဖြစ်သည်ဟု ဆိုရမည်။ထိုပြူများနေထိုင်ခဲ့သော ဒေသကိုလည်းသက်ဒေသ၊ဘင်္ဂလီဒေသ ဟုဆိုရလိမ့်မည်။ထို့အပြင် မွန်ကျောက်စာအများစုမှာ
မွန်ပြည်တွင် မရှိဘဲ ပုဂံပြည်တွင်
ရှိနေသည်။သို့ဆိုလျှင် ပုဂံပြည်တွင်
မွန်ကျောက်စာများရှိနေသည့်
အတွက် ပုဂံပြည်သည် မွန်များ၏
တိုင်းပြည်ဟုလည်း ဆိုရချေမည်။
မြန်မာကျောက်စာအတော်များများတွင်မွန်ဘာသာနဲ့ရေးထိုးထား
သည်မို့ထိုကျောက်စာများကိုမွန်ကျောက်စာဟုဆိုရပေမည်။သည်အဆိုကိုသင်တို့လက်မခံနိုင်မဟုတ်ပါလား။အမှန်တကယ်မူပုဂံပြည်
တွင်မွန်ကျောက်စာ၊သက္ကတ
ကျောက်စာ၊ပါဠိဘာသာကျောက်စာတွေ့သော်လည်းမွန်ပြည်၊ဘင်္ဂလီပြည်၊မာဂဓပြည်ဟုလုံးဝပြော၍မရပါ။ပုဂံပြည်တွင်မည်သည့်
ကျောက်စာပင်တွေ့စေကာမူ
မြန်မာပြည်သာလျှင်ဖြစ်ပေသည်။
ဤသို့ဆိုလျှင်ရခိုင်ပြည် ဝေသာလီခေတ်ကရေး
ထိုးခဲ့သောကျောက်စာများတွင်
သက္ကတဘာသာစကားနဲ့ရေးထိုးထားရုံနဲ့သက်ကျောက်စာ၊ဘင်္ဂလီကျောက်စာလုံးဝမဟုတ်သည်ကိုသဘောပေါက်လောက်တော့မည်ဟု ယူဆမိသည်။အကယ်၍
ထပ်ပြီးအတွန့်တက်မည်ဆိုပါက
သင်တို့၏ ပျူကျောက်စာ၊
မြန်မာကျောက်စာများကိုလည်း
ဘင်္ဂလီကျောက်စာ၊သက်ကျောက်စာဟုပြောလိုက်ရုံပါ။
သင့်စကားအတိုင်းထပ်ပြောရလျှင်
ဗြဟ္မီမှ ဆင့်ပွားလာသော
အက္ခရာများနဲ့သက္ကတဘာသာ
စကားများသည်မြန်မာတွင်မက အရှေ့တောင်အရှကျောက်စာများတွင်ပါ နေရာယူခဲ့သည်။သို့ဆိုလျှင်
ထိုကျောက်စာများမှာလည်း
သက်ကျောက်စာ၊ဘင်္ဂလီကျောက်စာဟုဆိုရမည်။ထိုတိုင်းပြည်များကို
လည်း သက်တိုင်းပြည်၊ဘင်္ဂလီများ
နေထိုင်ခဲ့သော တိုင်းပြည်အဖြစ်
မှတ်ယူရလိမ့်မည်။ဤနေရာတွင်
သက်ဘာသာစကား နဲ့
ဘင်္ဂလီဘာသာစကားတူသည်
ဟု အကျွနုပ်မဆိုပါ။
Kaung Khant ဆိုသော သမိုင်းဝါသနာရှင်တစ်ဦး၏
အယူအဆအတိုင်း တင်ပြခြင်းသာ
ဖြစ်သည်။သူပြောထားသည်မှာ
သက်နဲ့ဘင်္ဂလီဘာသာစကားတူသည်ဟုပြောထားရုံမကပါဠိဘာသာစကားကိုလည်းသက္ကတ(ဘင်္ဂလီစကား)နဲ့ရောထွေးပစ်လိုက်
သည်။

သက်မဟုတ်သော
ရခိုင်ဘုရင်စန္ဒသူရိယ
********************
ဘီစီ ၅၈၀တွင် နန်းတက်သော
ရခိုင်ဘုရင် စန္ဒသူရိယအားလည်း
သက်ဘုရင်ဟုပြောထားပြီး
မဟာမိုဘုရားအားလည်း
သက်ဘုရင်က သွန်းလုပ်ခဲ့သည်ဟု
အထောက်အထားကင်းမဲ့စွာ
စော်ကားထားသည်။စန္ဒာသူရိယ
မင်းသည်ရခိုင်ဘုရင်လား၊
သက်ဘုရင်လားဆိုသည်ကို သိချင်လျှင် မြန်မာတစ်ပြည်လုံး ယုံကြည်လက်ခံကိုးကွယ်နေသည့်
မန္တလေးမဟာမြတ်မုနိဘုရားပေါ်ကို
တစ်ခေါက်လောက် ပြန်တက်ပြီး
ဘုရားသမိုင်းပြခန်းတွေကို
ပြန်လေ့လာလိုက်ဟုသာပြောချင်သည်။မဟာမုနိကို ရခိုင်ဘုရင်
စန္ဒသူရိယသွန်းခဲ့ကြောင်း ယုံကြည်
လက်ခံကိုးကွယ်နေသူများထဲတွင်
ခင်များထက် အဆပေါင်းများစွာ
အသိပညာနဲ့ပြည့်စုံသည့် ရဟန်းရှင်လူပြည်သူများ၊သမိုင်း
ပညာရှင်များ အားလုံးပါဝင်နေ
သည်။အကယ်၍ခင်များအနေဖြင့်
ရခိုင်ဘုရင်မဟုတ် သက်ဘုရင်ဟု
ခံယူထားပါကတစ်တိုင်းပြည်လုံးသိအောင်တရားဝင် ကြေငြာပြီး
ဘုရားသမိုင်းပြခန်းတွင် ပြသထားသည်များကိုလည်း
ပြန်ပြင်လိုက်ပါဟု အကြံပြုချင်
သည်။ရခိုင်မင်းဆက်
၂၃၄ ဆက်တွင် လူမျိုးခြား
ဆိုလျှင် လူမျိုးခြားဟု
နာမည်ခုနှစ်နဲ့တကွ အတိအကျ
ဖော်ပြထားသည်။ဥပမာ
မြိုဆိုလျှင် မြို၊သက်ဆိုလျှင်
သက် စသည်ဖြင့်ဖော်ပြထားသည်။
ရခိုင်မင်းဆက်၂၃၄ ဆက်တွင်
လူမျိုးခြား ဘုရင်(မြို၊သက်)
ဟူ၍ိံလက်တစ်ဖက်ပြည့်အောင်
တောင် မပါဝင်ပါ။အကယ်၍
သင့်အနေဖြင့် မည်သည့်ဘုရင်က
ရခိုင်မဟုတ်သက်သာဖြစ်သည်ဆိုသည်ကိုမည်သည့်သမိုင်းပညာရှင်ကမည်သည့်စာအုပ်တွင် ရေးသားထားသည်ဟူ၍
တိကျသောအထောက်အထား
များဖြင့်ပြပါ။အထောက်အထားမပြနိုင်ဘဲ မဟာမြတ်မုနိဘုရားကို
သက်ဘုရင်က သွန်းခဲ့သည်။
ရခိုင်သမိုင်းသည် သက်သမိုင်းကို
ခိုးထားသည်ဟု ပြောနေသည်မှာ
လူမျိုးရေးမုန်းတီးစိတ်၊အပုတ်ချချင်
သောစိတ်၊မနာလို မစ္ဆရိယစိတ်ဖြင့် ပြောနေခြင်းသာဖြစ်သည်။
မာဂဓလူမျိုးမာရယုမင်းသား
************************

မာရယုမင်းသားမှ
အစရခိုင်များသည်ကုလားသွေးစပ်သည်ဟုဆိုထားပြန်သည်။
မာရယုမင်းသား၏အဖေမှာ မာဂဓလူမျိုးဖြစ်သည်။ထို့ကြောင့် သူ့သားဖြစ်သူမာရယုမင်းသားမှာ
ကုလားမဟုတ်ကြောင်းအထူးရှင်းစရာလိုတော့မည်မထင်။သည်နိုင်ငံတွင်ကုလားနဲ့သွေးမရောဆုံး၊
မျိုးအစောင့်ဆုံးလူမျိုးမှာ ရခိုင်ဖြစ်သည်ကိုတစ်နိုင်ငံလုံးသိ
သည်။မြန်မာပြည်တွင် ကုလားနဲ့
အရှုပ်ဆုံး၊ပနာအသင့်ဆုံး၊
ကုလားမယားအဖြစ်ဆုံးမှာ
မြန်မာမများဖြစ်သည်ကိုလည်း
တစ်ပြည်လုံးအသိပင်ဖြစ်သည်။
ရခိုင်ပြည်တွင် ကုလားသန်းချီရှိ
သော်ငြားကုလားကိုလင်တော်
သည့် ရခိုင်သူ၊ကုလားကိုမယား
တော်သည့် ရခိုင်သား တစ်သန်းမှာ
တစ်ယောက် ရှိကောင်းရှိနိုင်သည်။
သို့သော် မရမာပြည်တွင်တော့
ကုလားနဲ့ယူထားသည့် မရမထီးတွေ၊မရမာမတွေလိုက်ရိုက်လို့တောင်မကုန်တော့ပါ။ကုလားနဲ့
ချစ်ရည်လူးနေသည့် မရမာထီးတွေ၊မရမာမတွေ အပြင်မှာရောဖေ့ဘုတ်ပေါ်တွင်ပါ ပလူပျံနေသည်။ခုခေတ်တွင်မှ မဟုတ်ပါ။ပုဂံခေတ်ကတည်းကရှိခဲ့သည်။အနော်ရထာမင်း၏
မိဖုရား ပဉ္စကလျာဏီမှာ
ကုလားမင်းသ္မီးဖြစ်သည်။ တစ်ခါကျန်စစ်သားမင်း၏မယ်တော်အရင်းလည်းဖြစ်သည်။
အနော်ရထာမင်း၏သမီးတော်
သည်လည်း မွတ်ဆလင်ကုလား ဗျတ္တနဲ့ ချစ်ရည်လူးခဲ့သဖြင့် ပုဂံရာဇဝင်တွင် စာတင်ခဲ့သည်
မဟုတ်ပါလား။ဤမျှလောက်ဆို
လျှင်ကိုယ့်ကိုယ်ကို သန့်သန့်လေးပါဟု ဆောင့်ကြွား
နေသည့် မရမာလေးတွေအနေဖြင့်
ရှေးခေတ်ရော၊ပစ္စုပ္ပန်မှာပါ
ကုလားနဲ့လုံးဝမကင်းဘူး၊
ခင်များတို့ကိုယ်မှာကုလားသွေးတွေဆက်လက်စီးဆင်းနေတုန်းပဲ
ဆိုတာပေါက်လောက်ပြီထင်သည်။
ရခိုင်သားတွေအများစု အသားမည်းသည် ဆိုခြင်းကို
လက်ခံသည်။သို့သော် အသားမည်းတိုင်း ရခိုင်တွေက
ကုလားရုပ်ပေါက်သည်ဟု
သိမ်းကျုံးပြောလိုက်ခြင်းမှာ တစ်မျိုးသားလုံးအပေါ်
စော်ကားလိုက်ခြင်းဖြစ်သည်။
မြန်မာပြည်ဆင်းလာသော
ကုလားများသည် သူတို့ကိုယ်သူတို့
ရခိုင်ဟု ပြောဆိုလေ့ရှိကြသည်။
ဤသည်ကိုဗဟုသုတအားနည်းသောမြန်မာတစ်ချို့မှ တကယ့်ရခိုင်ဟုထင်မှတ်နေကြ
သည်များကိုယ်တွေ့ကြုံဖူးသည်။
ထို့အပြင် ရန်ကုန်ရောက်
မရမာကြီးကုလားများသည်လည်း
(ဗုဒ္ဓဘာသာဝင်)သူတို့ကိုယ်သူတို့
ရခိုင်ဟုသာပြောဆိုလေ့ရှိသည်။
အကြောင်းမှာမရမာဟုပြောက
မည်သူမျှမသိသည်ကတစ်ကြောင်း၊အမျိုးမျိုးသေအာခွင့်အရေး
ဆုံရှုံးမှာကြောက်သည်က
တစ်ကြောင်း အကြောင်းအမျိုးမျိုး
ကြောင့် မရမာများနှင့် ဘင်္ဂလီများသည် ရခိုင်ဟု နာမည်ခံလေ့ရှိသည်။
ဤသည်ကိုပင် ရခိုင်ဟုထင်မှတ်
သွားကြကာ ရခိုင်နဲ့ကုလား
တူသည်ဟုအလွယ်မှတ်သွားကြ
သည်။ရခိုင်တစ်ချို့အသားမည်း
သည်မှန်သော်လည်း ကုလားရုပ်နဲ့သီးခြားစီပါ။ရခိုင်ပြည်၏ရေမြေသဘာဝအရ ပင်လယ်
ဆားငန်ရေနဲ့အမြဲထိတွေ့နေရသောရခိုင်တို့မှာ အသားမည်းတာ
မထူးဆန်းပါ။ရခိုင်ပြည်တစ်ခုတည်းမှာတင်ကျောက်ဖြူရေမြေ
သဘာဝနဲ့စစ်တွေ ရေမြေသဘာဝမတူပါ။ထို့ကြောင့် ကျောက်ဖြူမှစစ်တွေအလည်သွားသူ၊စာပေးစာယူသွားသူများ
ပြန်လာပါက နဂိုအသားအရည်
ထက်မည်းသွားသည်။ထိုသို့ဖြစ်ရသည်မှာ ကျောက်ဖြူမြို့၏
ပင်ကိုသဘာဝရေမြေကိုက
အသားဖြူစေသောကြောင့်
ဖြစ်သည်။စစ်တွေဘက်မှ ရခိုင်များတွင်လည်း
ဖြူသူအများအပြားရှိသလိုကျောက်ဖြူဘက်တွင်လည်းမည်းသူအများအပြားရှိသည်။လူမျိုးတစ်ခုလုံးမဆိုထားဘိမိသားစုတစ်ခုလုံးတွင်ပင်
အဖြူအမည်းကွဲပြားသည်
မဟုတ်ပါလား။ခြွင်းချက်အနေဖြင့်
ရခိုင်ပြည်မှ ရန်ကုန်ဆင်းလာသော
ရခိုင်များသည်လအတန်ကြာသောအခါနဂိုအသားအရည်ထက် ပိုဖြူလာရုံမကဝတ်ပုံစားပုံကအစ ခေတ်မီစတိုင်ကျလာစေသည်။
သို့သော် ရခိုင်ပြည်အလည်ခေတ္တ
ပြန်ပြီး ပြန်လာလျှင် အသား
ပြန်မည်းလာလေ့ရှိသည်။
တရုတ်ကုလားဖက်စပ် တိဗက်
မရမာများကိုလည်း
ရခိုင်ပြည်အလည်လာပြီး
ပင်လယ်ထဲ ငါးဖမ်းဖို့၊
ကာရီဆည်ဖို့ ဖိတ်ခေါ်ပါသည်။
တစ်ပတ်အတွင်း တရုတ်မရမာ
ဖက်စပ်အသားအရည်မှ
ကုလားတစ်ယောက်နီးပါး
အသားရည်မျိုးဖြစ်သွားစေ
ရမည်ဟု အာမခံသည်။
အသားဖြူသည်မည်းသည်
မှာ ရခိုင်တစ်ခုတည်းမဟုတ်ပါဘူး။
လူမျိုးတိုင်းတွင်ရှိသည်။
မြန်မာများတွင်လည်း အဖြူအမည်း
ရှိသည်။ဥပမာရန်ကုန်အောက်ပြည်မှ အောက်သားများနှင့် အလယ်ပိုင်းမှအညာသားများ အသားအရည်ကွာခြားသည်။
အညာသားအများစုသည်
အသားမည်းမည်း၊ကုလားရုပ်
ပေါက်သူများပြီး အောက်ပြည်မှ
မြန်မာအများစုမှာအသားဖြူဖြူ
ပျော့ဖတ်ဖတ်၊ခြောက်တောက်တောက်၊ကနွဲ့ကလျတွေများသည်။
အများလက်ခံထားသည်မှာ
အညာသားများသည်
မြန်မာစစ်စစ်ဟုလက်ခံထားကြ
သည့်အပြင်အများစုအသား
အရောင်မှာလည်းမည်းမည်း
ပုတ်ပုတ် ကုလားရုပ်များဖြစ်သည်။
ရခိုင် ဝေါဟာရသည်
ရခိုင်တို့၏ မူပိုင်ဝေါဟာရဖြစ်သည်
****************************
(ဤရခိုင်ဝေဟာရရှင်းလင်းချက်မှာ Day Zar Lung ဖြစ်သည်)
‘’’’ အမျိုးသီလ၊ နှစ်ဌာန ကို ပြည့်ဝ မဏ္ဍိုင် ၊စောင့်စွမ်းနိုင်သည်၊ ရက္ခိုင်နာမ ဘွဲ့မည်လှဖြင့် အနွတ္တ သညာ ခေါ်အပ်ရာတည်း ‘’’’’’
ရခိုင်အစ မာရယု က၊ ရခိုင်အစ ဓည၀တီက ၊ ရခိုင်အစ ရီကြိုင် က ၊ ရခိုင် အစ သကျမ (ဆက်က္ကမ) က ဆို သည့် ဆိုရိုးစကား များ သည် ရခိုင် ဝေါဟာရ ၏ မူလဇစ်မြစ် များ သာ ဖြစ်သည်။ ရခိုင်လူမျိုးများ အတွက်ရခိုင်ဝေါဟာရဖြစ်ပေါ်လာပုံကို သိရှိမှသာလျှင် မိမိ ဘိုးဘွား မျိုးရိုးကိုတန်ဖိုးထားချစ်မြတ်နိုး
တတ်မည်ဖြစ်ပါ သည်။
ရခိုင်ဝေါဟာရ ကို ခေတ် ပြိုင် မှတ်တမ်း များအရ ပုဂံခေတ် ကျောက်စာများတွင်လည်းရှာဖွေတွေ့ရှိ ရသည်။ ပုဂံခေတ် သဌေးမုင်္ခဂူဘုရားမြန်မာကျောက်စာ (AD ၁၁၉၇) တွင် ငရခိုင်၊ ငါဖုန်တရား နိုင်သော ကျောက်စာ (အေဒီ ၁၁၉၇) တွင် ငရခိုင်၊ ဖုန်သည် အသင်္ခယာ လင်မယား ကျောက်စာ (အေဒီ ၁၂၁၆ )ခုနှစ် တွင် ငရခိုင် နှင့်ငါ ရခိုင် ဟူသော လူ အမည်ဖြင့် စတင်တွေ့ရှိ ရသည်။ မည်သည့်ခေတ် တွင် မဆို လူမျိုးခြား များ ကို ခေါ်ဆို ရာ တွင် လူအမည်ကို လူမျိုးအမည် ဖြင့် ရေးလေ့၊ပြောလေ့ရှိကြောင်းကို တွေ့ရှိရသဖြင့် ခရစ်နှစ် ၁၁၉၇ တွင် ရေးထိုးခဲ့သော မြန်မာကျောက်စာ များ တွင် စတင်တွေ့ရှိ ရသည်။ ပုဂံခေတ် တွင် မင်းရဲဘယ စ သော ရခိုင် မင်း မျိုး မင်း နွယ် များ နှင့် ရခိုင်သား တစ်ချို့သည် ပုဂံတွင် ခိုလှုံနေထိုင်ခဲ့ကြောင်းသမိုင်း
အထောက်ထား လည်းရှိသည်။
ရခိုင် ဟူသော အမည်ကို အင်းဝခေတ် နရပတိ စစ်ကိုင်းထူပါရုံ ကျောက်စာ (အေဒီ -၁၄၅၆ )ခုနှစ် တွင် ရခိုင်မင်း၊ အင်းဝမြို့ လောကမန်အောင် ဘုရားကျောက်စာ(အေဒီ ၁၇၇၈ ) တွင် ရခိုင်ဝန်၊ ပကတိပယ်ပုံမ် တော် ကျောက်စာ (အေဒီ ၁၇၉၀ ) တွင် ရခိုင်ပြည်။ ဗုဒ္ဒဂါယာ အရပ် မဟာဗောဓိကျောက်စာ (အေဒီ ၁၈၂၁) တွင် ရခိုင် အရပ် စသည်ဖြင့် ရခိုင်ပြည် ပြင်ပခေတ် ပြိုင် တိုင်းပြည်တို့တွင် တွေ့ရှိရပါသည်။ စာ ဆိုတော် န၀ဒေးကြီး၏ ခရစ်နှစ် ၁၆ ရာစု ခန့်တွင်ရေးထိုးခဲ့သော ဒွါရာဝတီ အံတော် ဘုရားတိုင်ရတုတွင် တန်ခိုးပြင်းထန် ရခိုင် မင်း ဟု တွေ့ရှိ ရပါသေးသည်။ ပုဂံခေတ် ။အင်းဝခေတ် စသော ခေတ် တိုင်းတွင် ရခိုင်ပြည်။ ရခိုင်မင်း။ ရခိုင်လူမျိုးဟူသော အမည်ကို ရှေးဟောင်း မြန်မာစာပေ။ စာမူ၊ပေမူ၊ကျောက်စာ များ တွင် primary source အနေဖြင့် ခေတ် ပြိုင် အထောက်ထား တွေ့ရှိ ရပါသည်။ရခိုင်ဝေါဟာရဖြစ်ပေါ်လာပုံကို မြန်မာ မှတ်တမ်းများ တွင် ဇာတာ တော်ပုံ ရာဇ၀င်၊ ဦးကုလားမဟာရာဇ၀င် ကြီး တို့တွင် ဖော် ပြ ထားသည် ကိုလည်း တွေ့ရှိ ရပါသေးသည်။ မြန်မာရာဇ၀င်များတွင် ရင်ခိုင်၊ရကိုင်၊ရခိုင်ဟု ခေါ် တွင်လာ သည်ဟုသာဖော်ပြထားသည်။ မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်း၌ ကမ္ဘာမှာရှိသော လူ မျိုးတစ်ရာ့တစ်မျိုးကို ဖော် ပြထားရာတွင် ``ရခိုင်'' ဟူ၍ ကျမ်း ငါး မျိုးတွင် ရခိုင် အမည်ကို ဖော် ပြထားပါသည်။
ရခိုင် ဟူ သော ဝေါဟာရ ကို ရခိုင်ကျောက်စာများ တွင် မဟာထီး မိကျောင်းကျောက်စာ (အေဒီ - ၁၃၅၆ ) ခုနှစ် တွင် ကောလိတဆရာ အလှူ ကောင်းမူ တွင် ရခိုင် တစ်မင်းကို ငါလွှတ်၏၊ ရခိုင် နိုင်ငံကို ငါ လွှတ် ၏ ဟု ပါရှိသည်။ ရခိုင်တွင် မာန်အောင် ဘူးတောင်းကွဲ ကျောက်စာ (အေဒီ - ၁၀၉၀) ၊လောင်းကြက်တောင် မော်ကျောက်စာ (အေဒီ- ၁၁၁၈) စသည့် ရက္ခ၀ဏ ရခိုင် အက္ခရာ ရခိုင် ဘာသာ စကားဖြင့်ရေးထိုးထား သော ကျောက်စာ များကို တွေ့ရှိထားသည်။ သို့ရာတွင် ရခိုင်ရှေးဟောင်းကျောက်စာ ပေါင်းချုပ် ဟု ဗမာ များ ကဲ့သို့။ မွန်များ ကဲ့သို့ ကျောက်စာ စာ အုပ်ပေါင်းချုပ် ဟူ ပြီး စာ အုပ် ထုတ်လုပ်နိုင်ခြင်းမရှိသေးပေ။ သို့ဖြစ်ရာရခိုင် စာပေ လေ့လာ လိုက်စားလိုသောခေတ်လူငယ်များ အတွက်လည်းကောင်း၊ တိမ်မြုပ် မြုပ်ကွယ်ခြင်းခံ နေရ သော ရခိုင် စာပေပြန်လည်တိုးတက်ဖြစ်ထွန်းလာ စေရေးအတွက်များစွာ အခက်ခဲဖြစ်စေ သည်။ ရခို်င်ကျောက်စာ ပေါင်း ချုပ်စာ အုပ် မရှိသည့်အတွက် သုတေသန ပြုလုပ်ရာတွင် လည်း များစွာ အခက်ခဲဖြစ်စေပါသည်။ ကျောက်စာ ပေါင်းချုပ်စာ အုပ်ထုတ် လုပ်နိုင်ရန်တတ်နိုင်သူ ကြိုးစားသင့်လှပါသည်။
ရခိုင်ဘူးကွဲတောင် မာန်အောင် ကျောက်စာ ကို မြန်မာ ကျောက်စာ များ တွင် အစောဆုံးဖြစ်သော နဘဲတော ဘုရား ကျောက်စာ ၊မြစေတီကျောက်စာ ( မြန်မာ ခုခေတ် စာ လုံးအက္ခရာ ၊မြန် မာ ဘာသာ ဖြင့်) မတိုင်မီရေးထိုးထား တာဖြစ်ပြီးလောင်းကြက်တောင်မော် ကျောက်စာ မှာ ယင်းမြန်မာ ကျောက်စာထက် ခြောက် နှစ်ခန့်သာ နောက်ကျ ထိုးခဲ့ကြောင်းတွေ့ရှိ ရပါသည်။ ရှေးဟောင်းသုတေသန ဌာန မှ လောင်းကြက်တောင် မော် ကျောက်စာကို မင် ကူးယူခဲ့ရာ သက္ကရာဇ် ၄၈၅ ( အေဒီ ၁၁၂၃ ) ကုသိုလ်ရှင် ကောလိယ မင်း ဟုတွေ့ရှိရသည်။ ရခိုင် ဝေါဟာရ ကို ရခိုင် ကျောက်စာ များ တွင် ပါတွေ့ရှိ နိုင်ပါသည်။
ရခိုင် ဖြစ် ပေါ်လာပုံနှင့် ပတ်သက် ပြီး ရခိုင်ရာဇ၀င် သစ်ကျမ်းတွင် ဘီလူးရက္ခိုက်တို့ကို အောင် နိုင်ပြီး တည်ထောင်သောပြည်ဖြစ် သောကြောင့် ရက္ခိုင် ပြည်ဟု ခေါ်တွင်ကြောင်းပါရှိသည်။ ရာဇ၀င် လင်္ကာတွင်လည်း အောင်မြိုဝင် လို့ခေါ်တွင် ရက္ခိုင် ဟု ပါရှိသည်။ ဓည၀တီ ရာဇ၀င်သစ်တွင် ဘီလူးတို့ကို နှိမ်နင်းရာပြည်ဖြစ်လို့ ရခိုင်ပြည်ဟု ယခုတိုင်တွင် ၏ ဟု ပါရှိသည်။ရခိုင်ရာဇ၀င်တွင် ကား မိမိတို့၏ အမျိုး အနွယ် ကို အစဉ်စောင့်ရှောက် သဖြင့် ရက္ခိတ ဟုခေါ်ဆိုရာမှ ရခိုင် ဟု ပြောင်းရွှေ့လာခြင်းဖြစ်ကြောင်းကို ပြသည်။ ဆရာ ကြီး ထွန်းရွှေခိုင် က ရခိုင်ပြည်နေ ရှေးဦးလူရိုင်းတို့ကို ရက္ခသျှ ( Rakahasas) ဟု ခေါ်သည်။ ထို မှတစ်ဆင့် ရက္ခိုက်၊ ရက္ခိုင်၊ရခိုင်ဟုပြောင်းရွှေ့ခေါ်တွင်လာသည် ဟု ဆိုသည်။ မူလရှေးဦး ရက္ခိုက်တို့ကို နှိမ်နှင်းပြီး မိမိ အမျိုးနွယ် ကို အစဉ်စောင့်ရှောက် သော ကြောင့် ရက္ခိုင် အမည်ကို ခံယူ ကြောင်းဆိုသည်။
ရာဇ၀င် အင်္လကာ တွင် ‘’’ ခေါ်တွင် ရက္ခိုင်၊ နာဂိန္ဒ မော် ကွန်းတွင် ရက္ခိုင် နာ မ ၊ ဗုဒ္ဒ ၀င် အလင်္ကာ တွင် လူတွင် ရခိုင် ၊ ကြိုင် ဘိသတင်း ဟု ရေးသား ခဲ့ ကြသည်။ ရက္ခိုင် မှာ ပါဠိ စကား မှ ဆင်းသက်လာပြီးစောင့်ရှောက်ခြင်းဟု အဓိပ္ပာယ် ရသည်။ ရှေးခေတ် ရခိုင် ပြည်ကို ( ရက္ခပူရ ) တိုင်းပြည် အဖြစ်တိုင်းပြည်နှင့်လူမျိုးကိုစောင့်ရှောက်တတ်သော လူ များ နေ ထိုင်ရာ တိုင်းပြည် ဟု ခေါ်ဆိုခဲ့ ကြသည်။ရခိုင် အစ မာရယု က ၊ရခိုင် အစ သက်ကျ က ဆို ပြီး မာရယု မိ ဘ အမျိုးနွယ် မှာ ဆက်ကျ လူမျိုး ( သက်ကျ လူမျိုး) ဖြစ် ပြီး အမျိုးနွယ် ကို အလွန်စောင့်ရှောက်တတ်သည်။ သက်ကျ သာ ကီဝင် လူမျိုးတို့သည် ကပိလ၀။ ဒေ၀ဒဟ၊ကောလိယတိုင်းပြည်များ ကို တည် ထောင် ရာ တွင်တစ်ပါးသော အမျိုးများ နှင့် သွေးနှော မည်ကို အလွန် စိုးရိမ် ကြ သည်။ ထီးနန်းတည် ထောင် သော အခါ လည်း မောင်နှမ အရင်း မှ မွေးသော တစ်ဝမ်းကွဲ များ ဖြစ် သော မောင် သား ၊ နှမ သမီး ( သမီးမျောက်သား) ကို ပေးစား တတ် သော အလေ့ရှိသည်။ မြတ် စွာ ဘုရား လောင်း သိဒ္ဒိ တ မင်း သား မှာ လည်း သုဒ္ဒေါ ဓန မင်းကြီး ၏ နှမ သမီးဖြစ် သော ယ သော် ဒရာ နှင့် ထိမ်းမြား ခဲ့သည်။ မောင် သား နှမ သမီး ပေးစား သော အလေ့သည် ယနေ့ခေတ်ရခိုင်လူ မျိုး များကျင့် သုံးသော အလေ့ကျင့် မျိုးနှင့်ထပ် တူထပ်မျှဖြစ်သည်။ ယနေ့ခေတ်မြန်မာ နိုင်ငံမှ တစ်ခြား တိုင်းရင်းသား ဗမာ ၊မွန်စသော တိုင်းရင်းသား များ မှာ ရခိုင်လူမျိုးများ ၏ မောင် သား ၊နှမ သမီးပေးစားသော ဓလေ့ကို ကြားပါ က အစိမ်းသက် သက် ဖြစ်နေ ပေလိမ့်မည်။ ရခိုင် လူမျိုးများမှာကား သက်ကျသာကီမျိုးတို့၏ ဓလေ့ စရိုက်ကို ခုချိန် ထိ လက် ခံကျင့်သုံးလျက်ပင်ရှိသည် ။
ရခိုင်ဝေါဟာ ဖြစ်ပေါ်လာ ပုံနှင့်ပတ်သက် ပြီး ဆရာကြီးဦးထွန်းဝင်းက ရခိုင် ဟူသောဝေါဟာရ သည် ရက္ခ မှ ဆင်းသက်လာသည်။ ဆံတော် ရှင်စေတီ သမိုင်းတွင်**** ( ရက္ခပူရေ၊ဓည၀တီ နာဂရေ ) ဟု ရက္ခ ဟူသော ပါဠိ ဝေါဟာရ ၊ မဟာ မုနိ ဘုရား ကြီး သမိုင်းသစ်တွင် ( ရက္ခပူရ) ဟု ရက္ခ စောင့်ရှောက်ခြင်း ဟူသော အနက် ဝေါဟာရကိုသုံးစွဲထားခြင်းဖြစ်သည်။ မိဖုရားစောမဲကျီ ဆံတော် ရှင်မော် ကွန်း လင်္ကာ တွင် ( ၀တီ ဓည၊ တိုင်းရက္ခ ) ဟူ ပြီး ရေး ထားသည်။ ရက္ခ ဟူသည် မှာ စောင့်ရှောက် ခြင်း၊ကာကွယ်ခြင်း ဟူသော ၀ိသေ သ အနက် အဓိပ္ပယ် ပင် ဖြစ်သည်။
ရက္ခ ဟူသော ဝေါဟာရ မှ ရက္ခိုင် ဟု ပြောင်းလဲလာသည် ။ အရှင်နာ ဂိန္ဒ မော် ကွန်းတွင်
( အမျိုးသီလ၊ နှစ်ဌာ န ကို ပြည့်ဝ မဏ္ဍိုင် ၊စောင့်စွမ်းနိုင်သည်၊ ရက္ခိုင်နာ မ ဘွဲ့မည်လှဖြင့် ) ဟု လည်းကောင်း ၊ ဗုဒ္ဒ၀င် လင်္ကာ တွင် ( ကျွန်းတွင် ဇမ္မူ ၊ လူတွင် ရက္ခိုင် ) ဟု ရှေးဟောင်းမှတ်တမ်းရှိသည်။ ဒေါက် တာ စောထွန်းအောင် က ရှစ်သောင်းဘုရားကျောက်စာ တိုင် ။ မြောက်ဘက် မျက်နှာစာ ကြောင်း ၄၂ တွင် အာရက္ခ ဟူသော အမည် တစ် ခု ကို တွေ့ရာ ယနေ့ ရခိုင် ဟု ခေါ်တွင် သော အမည် ဇစ်မြစ်တစ်ခုပင် ဖြစ်ကြောင်း ၊ဖြစ်နိုင်သည် ။
နိဂုံးချုပ် ရ သော် ရခိုင် ဟူ သော အမည် နာမ ကို ရှေးခေတ် မြန်မာ ကျောက်စာ၊ ရခိုင်ကျောက်စာ၊ ပေမူ၊စာမူ အင်္လကာ များတွင် ရခိုင် လူ မျိုး ၊ ရခိုင် နိုင်ငံ ဟု တွေ့ရှိ ထား ပြီး ရက္ခပူရ၊ ရက္ခိ တ ဟူသော အမျိုးနွယ် ကို စောင့်ရှောက် သော၊ယဉ်ကျေး မူမြင့်မြားသော လူမျိုး တစ်မျိုးဖြစ်ကြောင်း။ ကိုယ်ပိုင် တိုင်း နိုင်ငံ များကို ထူထောင် နိုင်ခဲ့သော ၊ ရာဇ၀င်တွင် သော လူ မျိုး အမည် တစ်ခု ဖြစ်ကြောင်းကိုတွေ့ရှိရမည်ဖြစ်ပါသည်။
ဒဏ္ဍာရီလာမြန်မာ့သမိုင်း (သို့)
ရောသမမွှေ၊ဖြတ်ညှပ်ကတ်သမိုင်း
ံ•••••••••••••••••••••••••••••••••••••••
(တန်ပြန် ထိုးနှက်ခြင်း)
မြန်မာအများစုသည်
ပြူလူမျိုးများကိုသူတို့လူမျိုးအဖြစ် ခံယူထားကြသည်။ပြူလူမျိုးတို့
သည် AD ၄ရာစုမှADကိုးရာစုအထိ မြို့ပြများထူထောင်ခဲ့ကြသည်။
ပြူလူမျိုးဆိုသည်မှာ
ဗုဒ္ဓဘာကိုးကွယ်သောယခုခေတ်အခေါ်(မရမာကြီး)ကုလားများဖြစ်သည်။ယနေ့ခေတ် မြန်မာဖြစ်လာမည့် တိဗက်များ၏
မြန်မာကြီး(မရမာကြီး)များ
ဖြစ်သည်။အေဒီ ၉ရာစု တွင် တိဗက်ကုန်းမြင့်ဒေသမှ တိဗက်များ
ဝင်ရောက်လာသည်။တိဗက်
များသည်နဂိုရှိနှင့်ပြီးသားပြူမြို့
ပြများကိုတိုက်ခိုက်သိမ်းပိုက်ပြီး ပုဂံထီးနန်းကိုတည်ထောင်ခဲ့ကြ
သည်။တိဗက်အနွယ်ဝင်များသည်
ဒေသခံ ပြူ(မြန်မာကြီး=မရမာကြီး)
များကို သွေးနှောပြီး ထိုမှတဆင့်
မြန်မာဖြစ်လာသည်။
ထို့ကြောင့် မြန်မာလူမျိုးဟူသည်မှာ
တိဗက်တရုတ်သွေး+ပြူ(မြန်မာကြီး) သွေးရောနှောထားသော မျိုးမစစ်
သောလူမျိုးဖြစ်သည်။
တိဗက်အနွယ်များဝင်ရောက်
လာသည့် အေဒီ ကိုးရာစုတွင်
ပြူ(မရမာကြီး)ခေတ်ကုန်ဆုံးခဲ့
သည်။မြန်မာ့သမိုင်းသည်
အေဒီ၁၁ရာစုအနော်ရထာလက်
ထက်တွင်သမိုင်းတင်ခဲ့သည်။
ပြူ(မရမာကြီး)သမိုင်းကုန်ဆုံးချိန် အေဒီ၉ရာစုနဲ့မြန်မာသမိုင်းတင်ချိန် အေဒီ ၁၁ရာစုအကြား ရာစုနှစ် ၂၀၀ကွာဟနေသည်။ဤကာလ
သည်အရည်းကြီးတွေကို ကိုးကွယ်
ပူဇော်နေရသော အချိန်ကာလ
ဖြစ်သောကြောင့် အရှက်ရစေမည့်
ထိုသမိုင်းအမည်းစက်များကို
မြန်မာမျိုးချစ် ရာဇဝင်ဆရာများက
မျိုးချစ်စိတ်အသိဖြင့်ဖြုတ်ပစ်ခဲ့ကြသည်။စင်စစ်အားဖြင့်မြန်မာ့သမိုင်းတွင်အရည်းကြီးသမိုင်းမပါလျှင်
ပြည့်စုံမှုမရှိပါ။တစ်ချို့မြန်မာ
ရာဇဝင်ဆရာများသည် မြန်မာလူမျိုးကိုတိဗက်အနွယ်ဝင်ဟုခံယူကြပြီးတချို့က
ပြူ(မရမာကြီး)ဟု နှစ်မျိုးနှစ်စား ခံယူထားကြသည်။ ပြူစစ်လျှင် မြန်မာဟူသော ဆောင်ပုဒ်အရ
ဆိုပါကမြန်မာများသည် ကုလားသွေးစစ်စစ်များဖြစ်ပြီး
အကယ်၍တိဗက်အနွယ်ဟုခံယူ
မည်ဆိုပါကတရုတ်တိဗက်
တစ်ဝက် မရမာကြီး=မြန်မာကြီး
(ပြူ)တစ်ဝက်ရောမွှေထားသော
မျိုးမစစ်သူများဖြစ်နေသည်မှာ
ထင်ရှားနေပြန်သည်။မည်သို့ပင်
ဆိုစေကာမူ မြန်မာများသည်
ကုလားသွေးနှင့် လုံးဝ
မကင်းသည်မှာ ထင်ရှားနေသည်။
အထူးသဖြင့် အညာဒေသမှ
မြန်မာများသည် ယခုအချိန်ထိ
ကုလားရုပ်အထင်းသားပေါ်
နေသေးသည်ကို မြန်မာပြည်
အလယ်ပိုင်းရောက်ဖူးသူတိုင်း
မြင်ဖူးပေလိမ့်မည်။
မြန်မာတို့၏
ပီပြင်သော သမိုင်းသည်အေဒီ ၁၁ ရာစုတွင်အစပြုသည်။သည်မတိုင်
ခင်မြန်မာ့သမိုင်းမှာတိဗက်ဒေသ
တွင်ကျန်ခဲ့သည်။သို့သော်တိဗက်များသည်ယခင်ရှိနှင့်ပြီးသောပြူ
(မရမာကြီးကုလား)သမိုင်းကို သူတို့သမိုင်းအဖြစ်အတင်းလုပ်
ပစ်နေကြသည်။အရင်က မြန်မာ့သမိုင်းသည်အေဒီ ၁၁ရာစုတွင်စထားသည်။
ခုနောက်ပိုင်းတွင် ရခိုင်နဲ့ မွန်သမိုင်း
တို့ထံ အောက်ကျသိမ်ငယ်နေ
သောကြောင့် ပြူ ခေါ် မရမာကြီး
ဗုဒ္ဓဘာသာဝင်ကုလားတို့၏
သမိုင်းကို ခိုးယူပြီး အကြံအဖန်
လုပ်လာကြသည်။ပြူ(မရမာကြီး)
ဝတ္ထုမှာလည်းခုနှစ်မရှိ၊မင်းဆက်နာမည်မရှိ၊နန်းတက်နှစ်မရှိဘဲ ခုမှသာ
စာရေးဆရာများမှ ဝတ္ထု၊
ဇာတ်ညွှန်း၊ဇာတ်ကောင်နာမည်
ရွေးတုန်းအဆင့်သာရှိသေးသည်။
သည်နိုင်ငံတွင်ကျန်လူမျိုးအားလုံးကိုလူမျိုးနာမည်အတိုင်းအကောင်အထည်ပြနိုင်သော်ငြားအကောင်အထည်မပြနိုင်သောလူမျိုးမှာ ပြူလူမျိုးဖြစ်သည်။အမှန်တွင်
ပြူလူမျိုးကရှိနေသေးသည်။
ပြူလူမျိုးဆိုသည်မှာမရမာကြီး
ကုလားသာဖြစ်ပြီး ပြူစာ
ဆိုသည်မှာလည်း မရမာစာသာ
ဖြစ်သည်။မရမာကြီးဝေါဟာရမှာ
တိဗက်တရုတ်များ၏ စကားမပီ
မှုကြောင့် မြန်မာကြီးကို မရမာကြီး
ဟုရေးကြခြင်း ဖြစ်သည်။
ဥပမာ တိဗက်(ယနေ့ မြန်မာ)များသည် မြ(Mra)
ကို မျ၊ ကြက်(Krat)ကို ကျက်
စသည့်ြ ရရစ်သံကို မပီသော
ကြောင့် မြကို မရ မြန်မာကို မရမာ
စသည်ဖြင့် ပေါင်းတတ်ကြသည်။
တလောကဂျပန်ရောက် ရခိုင်
ကလေးငယ် ဂျပန်လက်ရွေးစင်
ဘောလုံးသမားအဖြစ် အရွေရတဲ့
ကောင်းစံမြ(Mra) ကို ပီအောင်
မထွက်တတ်တော့ တိဗက် အသံဖြင့်ကောင်းစံမရ ဆိုပြီး
နာမည်ကို မှားပေါင်းထားသည်ကို
ဟာသတစ်ခုအဖြစ် ဖတ်ဖူးသည်။
သူတို့စကားမပီတာအရေးမဟုတ်
သော်လည်း ရခိုင်တွေအမြင်မှာ
မြ(Mra)ကိုမရဟုရေးခြင်းသည်
တမင်ချိုးနှိမ်ရေးသည်ဟုခံစားရ
သည်။
တိဗက်နဲ့ ပြူမရမာကြီးကုလား(မြန်မာကြီး)
ပေါင်းစပ်ထားသည့် တိဗက်မြန်မာ
တွေဟာ ပြူသမိုင်းတင်မကပါဘူး။
ရခိုင်နဲ့ မွန်သမိုင်းတွေကိုပါ
လိုက်ခိုးနေပါပြီ။မွန်မြို့ဟောင်းတစ်ခုဖြစ်သည့်သုဝဏ္ဏဘူမိသည် ပြူမြို့ဟောင်း၊ရခိုင်မြို့ဟောင်းတွေ
ဖြစ်သည့်ဒွါရာဝတီ၊ဓညဝတီ၊
ဝေသာလီမြို့ဟောင်းတွေကိုလည်း
ပြူမရမာကုလား မြို့ဟောင်း
ဆိုပြီး အရှက်အကြောက်ကင်းမဲ့စွာ
ဗြောင်လိမ်နေကြပြီ။ရခိုင်ပြည်တွင်
ပြူနဲ့ပတ်သက်သော ကျောက်စာ၊
ပြူမရမာကုလားနဲ့ပတ်သက်သည့်
အထောက်အထား၊ပြူဟူသည့်
ဝေါဟာရ ဘာတစ်ခုမျှ မရှိချေ။
အကယ်၍ ပြူကျောက်စာတစ်ချပ်
ရှိခဲ့လျှင်တောင် အာရက္ခပြည်ကပြူမရမာကုလား
ပြည် ဖြစ်လာစရာအကြောင်းမရှိပါ။
ပုဂံပြည်တွင်မွန်ကျောက်စာတွေ့ရုံ
ဖြင့်ပုဂံပြည်က မွန်ပြည် ဖြစ်မသွားသလို အာရက္ခပြည်တွင်
့ပြူကျောက်စာတစ်ချပ်တွေ့ရုံဖြင့်
အာရက္ခပြည်က ပြူပြည် ဖြစ်မသွားပါ။တိဗက်မြန်မာတို့သည်
စာပေ၊ယဉ်ကျေးမှု၊ရှေးဟောင်း
အမွေအနှစ်များကို ရခိုင်ပြည်မှ
ခေတ်အဆက်ဆက်ခိုးယူခဲ့ကြ
သည်။ယခုအများသူငှာရေးနေ
သည့် မြန်မာစာ ဟူသည်မှာလည်း ရခိုင်စာက ခိုးယူမှီငြမ်းထားသည်ကို တစ်တိုင်းပြည်လုံးသိသည်။
ရှေးဟောင်းအမွေအနှစ်တွေဆို
လည်း အာဏာကိုအားကိုးကာ
ခိုး၍တဖုံ၊လု၍တသွယ်၊တိုက်၍
တစ်မျိုးဖြင့် ပြည်မဘက်သို့ မ သွားကြပြီး ပြည်မရောက်လျှင်
မြန်မာ့အမွေအနှစ်အဖြစ်ဖြင့်
ပြတိုက်အတွင်းရောက်ရှိသွား
သည်။မြန်မာပြည်က နာမည်ကြီး
ဘုရားတွေကို ကြည့်လိုက်ပါ။
မန္တလေးတိုင်းမှာ မဟာမုနိ၊
ရွှေဘုံသာမုနိ၊ဧရာဝတီတိုင်းမှာ
ဇလွန်ပြည်တော်ပြန်ဘုရား
ပြည်မြို့မှာ မုနိတစ်ဆူ စသည့်
ရခိုင်ဘုရားတွေဖြင့် တိဗက်မြန်မာတွေဟန်လုပ်နေကြသည်။ပဲခူးတိုင်း၊ရန်ကုန်တိုင်းမှာ
ရွှေတိဂုံ၊ရေလယ်ဘုရား၊ကျိုက်
ခေါက်၊ကျိုက်ကလဲ့၊ကျိုက်
ကလော့၊ရွှေမော်ဓေါဘုရား စသည့်မွန်ဘုရားတွေဖြင့် လူတွင်ကျယ်လုပ်ကြပြန်သည်။
ရိုးရာအကတွင်လည်းတိဗက်မြန်မာရိုးရာအကဟူ၍သီးခြားမရှိ။ဦးရွှေရိုး ဒေါ်မိုးအကဆိုလား ၁၉၆၀ ဝန်းကျင်ရုပ်ရှင်ဇာတ်ကားတစ်ကားထဲက ကကွက်တစ်ခုကို မြန်မာ့အကဆိုပြီးတီထွင်ခဲ့ကြသည်။အမှန်မှာ ဦးရွှေရိုးအကသည်
ရုပ်ရှင်ဇာတ်လမ်းထဲမှဇာတ်ကောင်၏ အကတစ်ခုသာဖြစ်သည်။
ရိုးရာအက တစ်ခုမဟုတ်ရပါ။
ထိုသို့ရိုးရာအကဟူ၍ မူပိုင်
မရှိသည့်အခါကျတော့ ရခိုင်ရိုးရာ
ဆီမီးခွက်အက(ဗုဒ္ဓပူဇနိယ)
အကကို ပုဂံခေတ်အကဆိုပြီး
မိုးပေါ်ကဘွားခနဲကျလာသကဲ့သို့
ဗြောင်လိမ်ပြန်သည်။ပြည်ထောင်စုနေ့အခမ်းအနားတွေမှာ ရခိုင်ရိုးရာဆီမီးခွက်အက
မကပြခင်အထိ မြန်မာများတွင်
မည်သည့်အခါမျှမရှိခဲ့ဖူးသော
ထိုရခိုင်ရိုးရာအကကိုပုဂံခေတ်ဆီးမီးခွက်အကအဖြစ် အရှက်မရှိ လိမ်လည်ခိုးယူခဲ့သည်။
ထိုအကအတွက်ရခိုင်တွေ
ကိုယ်တိုင် ဖန်တီးခဲ့သော
ဗုဒ္ဓပူဇနိယသီချင်းကို အဆိုတော်
ချမ်းချမ်းမှ ခုနောက်ပိုင်းတွင်
မြန်မာဘာသာဖြင့် ပြန်ဆိုခဲ့ပြီး မှတ်တိုင်တစ်ခုဖြစ်သွားသည့်အထိ
အောင်မြင် လူကြိုက်များခဲ့သည်။
သို့သော် ချမ်းချမ်းသည် ထိုသီချင်းအပေါ် ရခိုင်တွေ
ဖန်တီးရေးစပ်ထားသည့် ရခိုင်
ရိုးရာသီချင်းတစ်ပုဒ်ပါဟု ပြောဆို
ခြင်းမရှိ၊ကျေးဇူးမသိတတ်ဘဲ
မြင့်မိုးရ်အောင်ကပဲ ရေးထားသလို
လို အင်တာဗျူးတစ်ခုတွင်
ပြောထားသည်။ပြောချင်သည်မှာ
နောင်တစ်ချိန်တွင် ထိုရခိုင်ရိုးရာ
ဗုဒ္ဓပူဇနိယသီချင်းအဖြစ်မှ
ခိုးယူသည့် အကျင့်ပါနေသည့်
မြန်မာတွေလက်ထဲ မြန်မာ့ရိုးရာ
ဗုဒ္ဓပူဇနိယသီချင်းအဖြစ် အချိန်မရွေး ပြောင်းလဲသွားနိုင်
သည်။မြန်မာတို့သည်
သူတစ်ပါးယဉ်ကျေးမှု
သမိုင်းကို ခပ်တည်တည်နဲ့
ခိုးယူပြီး မြန်မာမှုပြုလုပ်သည့်
အတတ်ပညာမှာ ဂင်းနစ်စံချိန်
ချိုးလောက်ပေသည်။
တကယ်တော့ တိဗက်မြန်မာ
တွေမှာ ကိုယ်ပိုင်ဆိုလို့ ဘာမှ မည်မည်ရရ မရှိပါ။
မြန်မာဝတ်စုံရယ်လို့တခြားလူမျိုးတွေလိုသတ်သတ်မှတ်မှတ်မရှိသလိုမြန်မာအလံဆိုပြီးလည်း
သီးခြား မရှိပြန်ဘူး။
ထိုနည်းတူ မြန်မာအက၊
မြန်မာပြည်နယ်ဆိုပြီးလည်း
သီးခြားမရှိပြန်ဘူး။မြန်မာခုနှစ်
သက္ကရာဇ်ဆိုပြီးလည်း သီးသန့်မရှိ။
ဝေသာလီရခိုင်ဘုရင် သီရိစန္ဒြားမှ AD-639 တွင် ရခိုင်သက္ကရာဇ် ၆၅၀ ကိုဖြိုခဲ့သည့် ရခိုင်သက္ကရာဇ်ကို
ပတစ်ထပ်တည်း ကူးချပြီး
မြန်မာသက္ကရာဇ်အဖြစ်
လုပ်ထားပြန်သည်။ဤသည်မှာ
ရခိုင်နဲ့ မြန်မာ သက္ကရာဇ်တူရခြင်း၏
အဖြေဖြစ်သည်။ဒွါရာဝတီခေတ်
ဝါသုဒေဝ မင်းသားညီနောင်
တစ်ကျိပ်သံတွဲ(ဒွါရာဝတီ)ပင်လယ်ကမ်းစပ်တွင် လှေထဲ ရေအပြည့်ထည့်ကာရေသဘင်ပွဲ ဆင်နွှဲရမှ ပေါ်ပေါက်ခဲ့သော ရခိုင်ရိုးရာရေလောင်းပွဲ(သင်္ကြန်)ကိုမှီငြမ်း၍ ရခိုင်ပြည်မှာပေါ်ပေါက်ပြီး
နှစ်ပေါင်း ၆၀၀၀ ကျော်ကြာမှ မြန်မာဘုရင်နရသီဟပတေ့လက်ထက်တွင်မြန်မာ့ရေသဘင်ပွဲတော်ဟူ၍ပေါ်ပေါက်လာသည်။
ဤအချက်မှာရခိုင်ရိုးရာသင်္ကြန်ပွဲ
များတွင်ဘာ့ကြောင့်လှေထဲရေဖြည့်ကစားကြသနည်းဆိုသည့် အဖြေဖြစ်သည်။မြန်မာတွေ ခိုးယူထားသည့် ယဉ်ကျေးမှုတွေ
သမိုင်းတွေကို လိုက်ရေးနေလျှင်
ကျမ်းစာအုပ်တစ်အုပ် ထုတ်မှ
ရမည်မို့ဤနေရာတွင်ရပ်လိုက်တော့မည်။
အနှစ်ချုပ်လိုက်လျှင်
တိဗက်မြန်မာတွေမှာ ကိုယ်ပိုင် ဆိုလို့ Copy သာရှိသည်။ ကော်ပီ(Copy) ဆိုသည်မှာ
တိဗက်မရမာတို့၏ ကိုယ်(Co) ပိုင်(Py)ဖြစ်သည်။
စာပေကအစ သမိုင်း
ယဉ်ကျေးမှုနဲ့ရှေးဟောင်းဘုရား
အလယ်သီချင်းတွေအဆုံး
အားလုံ Copy တွေချည်းသာ
များသည်။((မူပိုင်ကြေးနဲ့ တရားစွဲမယ်ဆိုလျှင် လျော်၍ပင်
ကုန်နိုင်မည်မထင်))
ထို့ကြောင့် မြန်မာ့ယဉ်ကျေးမှု၊
မြန်မာ့သမိုင်းဟူသည်မှာ
ရခိုင်၊ပြူ ခေါ် မရမာကြီးများ၏
သမိုင်းကိုလိမ်လည်ခိုးယူထားသော
သမိုင်းတု၊သမိုင်းလိမ်သာဖြစ်သော
ကြောင့် မြန်မာ့သမိုင်းမှာ
စာရေးဆရာတွေ
ကိုယ်လိုရာဆွဲစိတ်ကူးယဉ်ဖန်တီး
သောအလိမ်အညာသမိုင်း၊
ရောသမမွှေသမိုင်း၊
မကောင်းသည့်အခန်းတွေကို
ဖြုတ်ချန်ထားသည့် ဖြတ်ညှပ်ကတ်သမိုင်းသာဖြစ်
သည်။
မှီငြမ်း-
ရခိုင်သမိုင်းအလင်းပြကျမ်း
သုတေသနပညာသျှင်
ဆရာကြီးဦးရွှေဇံ B.Sc, B.C.Sc)
ရခိုင်စာပေခရီး(အသျှင် စက္ကိန္ဒ)
ရခိုင်ရာဇဝင်၊ရခိုင်သမိုင်း
(သုတေသီ ဦးဌေးဝေ)
``ရခိုင့်မြီကို လုနီရေကုလားထက်
ရခိုင်နိုင်ငံကို သိမ်းပျာ
ရခိုင်သမိုင်း၊ရခိုင်ယဉ်ကျေးမှုနန့်
လူမျိုးကို(လု၊ဝါးမျို)နီရေ ဘူးသီးတိကအဆပေါင်းရွီမရ
ယောင်အန္တရယ်ဟိပါရေ။ယေကေ ငရို့၏နံပါတ် ၁ အဓိက နှက်ရဖို့လူစွာအသူရို့ရောင်ဆိုစွာ အားလုံးသူသိပြီးသားထင်ပါရေ''
မြောက်ဦးနန်းတော်ကုန်း
***************************
မြောက်ဦးမြို့တော် နန်းတော်ကုန်းကို မင်းစောမွန်တည်ဆောက်ခသည်မှာကား မူလနဂိုရ်အားဖြင့် ကုက္ကားတောင်နှင့် တောင်ညိုတောင်နှစ်ခုကို တူးဖြိုညှိလျှက်တည်ခသော ကျောက်ဆောင်ကျောက်သားမြီခံမြီများဖြစ်သည်။ နန်းတော်ကုန်းပတ်လည် စတုရန်းပုံသဏ္ဍာန်ကို ကျောက်အုတ်များဖြင့်တံတိုင်းပြုကာ အမာခံလျှက် ကေဇာသက္ကရာဇ် (၇၉၂) ခု တော်သလင်းလဆန်း (၁) ရက်တလဂုင်္နီနိ၊ ခရစ်သက္ကရာဇ် (၁၄၃၀) ခုနှစ်တွင် မြောက်ဦးခေတ်ထီးနန်းကို စတင်တည်ထောင်သည်။
ပထမဆုံးမြောက်ဦးခေတ်ထီးနန်းတော်ကို မင်းစောမွန်မင်းများလက်ထက် အုတ်တံတိုင်းများဖြင့်သာ အောက်ခြီချလျှက် တည်ဆောက်ခခြင်းဖြစ်သည်။ မြောက်ဦးဒုတိယခေတ် မင်းဗာဘုရင်လက်ထက်ရောက်သောအခါ၌ကား ကျောက်အမာခံတံတိုင်းများဖြင့်ထပ်မံပြီးသော် ခိုင်ခံ့ကြီးကျယ်စွာတည်ဆောက်သည်။
သို့ဖြစ်ပါ၍ ရခိုင်မဟာရာဇဝင်တော်ကြီးလင်္ကာတွင် (စောမွန်ပျင်ပြု၊ မင်းဗာတည်ကေ၊ ရွှေမြောက်ဦး) ဟုလည်းကောင်း။ (မြောက်ဦးမည်သာ၊ မြို့အောင်ချာကို၊ တည်လှာပြုလစ်၊ သက္ကရာဇ်ကား၊ ဒွေးဖြစ်နဝါ၊ သတ္တသာတည်း) ဟူ၍လည်းကောင်း တွိရသည်။
နန်းတော်ကုန်း၏အဆင့်မှာ သုံးဆင့်ဖြစ်သည်။ ထိပ်ဆုံးအမြင့်မှ အောက်ဆုံးအဆင့်ထိပေပေါင်း (၅၀) မြင့်သည်။ တတိယအဆင့်၏ တောင်မှမြောက်သို့ ပေပေါင်း (၁၆၀၆) ပေဟိသည်။ အရှိမှအနောက်သို့ ပေပေါင်း (၁၇၄၀) ပေ ဟိသည်။ တံတိုင်းများအောက်ခြီတွင် ကျောက်သား (၇) ပေထုထည်ဟိသည်။ တံတိုင်းများ၏အထက်ပိုင်းထုထည်မှာ (၄) ပေဖြစ်သည်။ ပထမနှင့် ဒုတိယတံတိုင်းအကွာအဝီးမှာ ပေပေါင်း (၂၃၇) ပေ ရှည်သည်။ အပေါ်ဆုံးအထက် နန်းရင်ပြင်၏အကျယ်အဝန်းမှာ (၆၅၆) ပေကျယ်ဝန်းသည်။ အရှိဘက်အဆင့်တန်းခါးမှ ဒုတိယအဆင့်တန်းခါးသို့ ပေပေါင်း (၂၃၃) ပေဟိသည်။ ၎င်းမှ တတိယအဆင့်တန်းခါးသို့ (၁၆၆) ပေဟိသည်။
အပေါ်ဆုံးအထက်နန်းရင်ပြင်၏ မြောက်မှတောင်သို့ အလျားပေပေါင်း (၆၇၉) ပေ ကျယ်သည်။ တောင်ဘက် တတိယအဆင့်တန်းခါးမှ ဒုတိယအဆင့်တန်းခါးသို့ ပေပေါင်း (၁၃၈) ပေဟိသည်။ ၎င်းမှ ပထမအဆင့်တန်းခါးသို့ ပေပေါင်း (၄၅၀) ကွာဝီးသည်။ တန်းခါးများ၏ဝင်ပေါက်မှာ (၁၀) ပေစီကျယ်ဝန်းသည်။ တံခါးတဘက်တချက်စီ၏ တန်းခါးဘောင်များမှာ
(ဂ) ပေစီ ရှိသို့ထိုးထွက်လျှက် တည်ဟိသည်။ တံတိုင်းများထုထည်အထူမှာ (၇) ပေ (၆) လက်မစီဟိပြီး (၁၂) ပေစီ မြင့်သည်။ တန်းခါးများ၏အတွင်းဘက်နံရံများ၌ မြီကြီးသည် တပေခန့်အကွာ ကျောက်တုံးကြီးများနှင့် (၈) ပေအမြင့်ဟိသော ကျောက်တုံးကြီးတွင် (၅)လက်မဟိသော အပေါက်တပေါက်စီကို ထွင်းလုပ်ပြုပျင်တပ်ဆင်ထားသည်။
ထိုတန်းခါးပေါက်များကို ပိတ်ဖွင့်နိုင်ရန်အတွက် အရှင်တန်းခါးတပ်ဆင်ထားခြင်းဖြစ်သည်။ နန်းတော်၏အနောက်ဘက် ဒုတိယနှင့် တတိယတံတိုင်းအကြားတွင် ကျုံးများဟိသည်။ အရှိတောင်ဘက်တွင် ဗဟိုရ်စည်တော်ထားဟိသော စည်တော်ကိုအချိန်မှန်ယွန်းသော(ယွန်းထောင်) ခေါ် (ရွန်းတောင်) တည်ဟိသည်။ တောင်ဘက်တွင် (ဝယိုင်သာ) ခေါ် (ဥယျာဉ်တော်) ဟိသည်။
နန်းတော်၏အရှိဘက် ဒုတိယအဆင့်တွင် နန်းတွင်းသူနန်းတွင်းသားများသောက်သုံးကုန်သော သောက်ရီကန် (နန်းသားကန်) တည်ဟိသည်။ ယခုအခါ ထိုကန်ကို (နံသာကန်) ဟုခေါ်ဆိုသည်။ ယခုနန်းတော်ကုန်း၏အရှိဘက်ဆင်းလမ်း (နန်းကျောက်လှီကား) နှင့် အနောက်ဘက် နန်းကုန်းအဆင်းလှီကားရို့မှာ ဗြိတိသျှအင်္ဂလိပ်အုပ်ချုပ်စဉ်ကာလ (မြောက်ဦးနန်းတော်ကုန်းအားဖောက်ပြီးသော် ရှိနောက်တောက်လျှောက်ပိုင်းပြီး လမ်းလုပ်ရန်စီစဉ်ခသည်။ တမြို့လုံးကကန့်ကွက်ဆန္ဒပြသဖြင့် လမ်းမဖောက်လုပ်ဘဲရပ်တန့်ကာ ယခင်မင်းဆင်းလမ်းလှီကားကိုပတ်၍ အရှိအနောက်တဖြောင့်တည်း ကျောက်လှီကား (၂) ခုကို တပ်ဆင်ထားခခြင်းဖြစ်သည်။
ရခိုင်မင်းများလက်ထက် နန်းတော်ကုန်းသို့အဆင်းအတက်ကျောက်လှီကား အစစ်အမှန်နီရာများသည်ကား အနောက်ဘက်၌ ယခုပါတီယူနစ်ယုံးဟောင်းအရှိဘက် ကျောက်လှေကားဆင်းလမ်းတခု၊ ၎င်းနှင့် အရှိဘက်သို့တဖြောင့်တည်း နန်းသားကန်တော်ဘက်သို့ဆင်းလမ်း ကျောက်လှီကားတခုဖြစ်သည်။
ရှိမင်းများသည် ဤနန်းတော်ကုန်းသို့ အရပ်လေးမျက်နှာမှ ဆင်းတက်နိုင်စီရန်အတွက် အရပ်လေးမျက်နှာတွင် ကျောက်လှီကားတန်းခါးပေါက် (၄) ခုကို တွိမြင်ကတ်ရမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ရခိုင်မြို့တည် ဗိသုကာကျမ်း၌ဖော်ပြထားသည်မှာ-
(ခုနစ်ရာကိုးဆယ်၊ စွန်းဝယ်နှစ်ဖော်၊ လတော်သလင်း၊ လျှံဝင်းထွန်းညီး၊ ထွက်ပြီးနီတက်၊ ဆန်းတရက်၌၊ မြောက်ဦးမြို့သာ၊ တည်ခြင်းရာကား၊ တောင်ညိုကုက္ကား၊ နှစ်ပါးတူညီ၊ ဘုမ္မိနက်သန်၊ မြီကြန်သင့်ရာ၊ ယင်းသည်မှာလည်း၊ အကာအင်းသီး၊ ထားတုံပြီးမှ၊ တည်ထမြို့နန်း၊ ကန်စန်းကန်လဂ်၊ တထောင်ဘက်ကို၊ မပျက်ထိုရော်၊ ဆက်တက်သော်ကား၊ အရာထောင်သောင်း၊ ကျိန်းခန်းအောင်း၏) ဟူ၍ပင်လျှင် ပါဟိသည်။ ဤမြောက်ဦးမြို့နန်းတော်ကုန်းကို တံတိုင်းသုံးတန် ဝိုင်းကာရံလျှက် ထိုတံတိုင်းများအကြားတွင်လည်း ကျုံးတော်များထားဟိသည်။
မြို့တံတိုင်းများအထက်ဝယ်လည်း မြင်းစီးသူရဲဗိုလ်ပါများစီးနင်းလားလာလှုပ်လျှားနိုင်အောင် စီမံပြုလုပ်ထားသည်။ မြို့ကျောက်တန်းခါးများကိုလည်း ခိုင်လုံစွာဖြင့် ခမ်းနားကြီးကျယ်စွာ တည်ဆောက်စီမံထားခသည်။ ထို့ကြောင့် မြောက်ဦးမြို့တော်ကြီးသည် ထိုအချိန်ထိုအခါက အိမ်ခြီပေါင်းများစွာနှင့် ကြက်ပျံမကျစည်ကားခသည်။ သို့ဖြစ်ပါ၍ ခရစ်အေဒီ (၁၅) ရာစုမှ (၁၆) ရာစုထိကာလအတွင်း အလွန်ချမ်းသာကြွယ်ဝသော ကမ္ဘာ့အဆင့်မှီ သမိုင်းတွင်ထင်ရှားသော (The City Of MraukK Oo) မြို့ကြီးတမြို့ဖြစ်ပေတော့သည်။
ဓညဝတီဦးအောင်ဇေယျ
(သမိုင်းသုတေသီ)
အငြိမ်းစားကျောင်းဆရာကြီး
မြောက်ဦးမြို့
ထုက္ကန့်သိမ် ( ခရီသွား ဓါတ်ပုံဆောင်းပါး)
ထုက္ကန့်သိမ်တော်ကြီး ဟာ ရခိုင်ပြည်နယ် မြောက်ဦး မြို့မှာတည်ရှိပါတယ်။ ရခိုင်ဘုရင် မင်းဖလောင်း က AD 1571 မှာ ခရုပတ်ပုံတည်ခဲ့ပါတယ်။ သိမ်တော်ကြီးကို
တောင်ကမူပေါ်မှာတည်ထား လို့ တစ်ခုတည်းသောဝင်ပေါက် ဆီကို အုတ်လှေကား အရှည်ကြီးကနေ တက်ရပါတယ်။သိမ်တော်ကြီးမှာ တောင် မြောက် ၁၁၀ ပေ
အရှေ့ နောက် ၁၃၇ ပေရှည်ပါတယ်။ အလယ်စေတီမှာ ပုံမှာမြင်ရတဲ့အတိုင်း သပိတ်မှောက်ပေါ်မှာ ကုဗပုံဓါတ်တော်တိုက် ဆင့်ထားပါတယ်။ အလယ်စေတီကြီးရဲ့
အရပ်လေးမျက်နှာမှာ စေတီတစ်ဆူစီရံထားပါတယ်။ သိမ်ရဲ့အနောက်ဖက်မှာတော့ ဥပုဒ်ဆောင် ဆောက်ထားပြီး အဲဒီကမှတဆင့် သိမ်အမိုးပေါ်ကိုတက်လို့ရပါတယ်။
ပင်မသိမ် မှာခရုပတ် လို ရစ်ပြီးတက်ရတဲ့ လမ်းနှစ်ခုရှိပါတယ် ၊ အဲ့ဒိ ပတ်လမ်းနံရံ တလျှောက်မှာတော့ ဂူကျောင်းငယ် ၁၄၆ကျောင်း ရှိပြီး ဗုဒ္ဓဆင်းတု
ုတော်များစံပယ်နေကြပါတယ်။ နံရံများမှာတော့ မြောက်ဦး အမျိုးသမီးများ ၀တ်စားဆင်ယင်ပုံ ၊ ဆံထုံး ထုံးပုံ ၊ တခြားလက်ရာမြောက်တဲ့ မြောက်ဦး ကျောက်ထု
ပန်းပုများကို တွေ့ရှိနိုင်ပါတယ်။
ရခိုင်ပြည်နယ်တွင် ဓည၀တီခေတ် ၊ ဝေသာလီခေတ် ၊ လေးမြို့ခေတ် ၊ မြောက်ဦးခေတ် ဆိုပြီး ခေတ် ကြီးလေးခေတ် ကို
မင်းပေါင်း၂၃၂ မင်းမှ နှစ်ပေါင်း ၅၀၈၄ နှစ် နန်းစိုက်ခဲ့ကြပါတယ်။ကြီးကြယ်ခမ်းနားတဲ့ နန်းတော်ကြီးများ ၊ ကျောက်လှေကားနှင့်ပြုလုပ်ထားတဲ့ သင်္ဘောဆိပ်ကြီး ရှိခဲ့ပါတယ်( ယခုအထိတိုင် အကျွင်းအကျန်များကို မြင်တွေနိုင်ပါသေးတယ်) တစ်နှစ်အတွင်း နိုင်ငံခြား ပင်လယ်ကူးသင်္ဘောကြီးများ ရာချီဆိုက်ကပ်ခဲ့ကြပါတယ်။

အာရပ် ၊ အန္ဒိယ ၊ ပေါ်တူကီ ၊ ဒပ်ခ်ျ ၊ တရုပ် လူမျိုးများ ၀င်တွက်ကူးသန်းရောင်းဝယ်ခဲ့ကြတယ်။ အဲဒိ အချိန်တုန်းက ဘင်္ဂလား ပင်လယ်အော်မှာ ကြီးစိုးနေတဲ့ ပေါ်တူဂီ ပင်လယ်ဒမြ ရေတပ်ကြီးကို အင်္ဂလိပ်ရေတပ် မခြေမှုန်းနိုင်ခဲ့ပေမဲ့ ရခိုင်ဘုရင် မင်းဗာကြီး က AD 1535 ခုနှစ်တွင် ရခိုင်ရေတပ်မတော်ကြီး
မှအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်။ အောင်မြင်တဲ့အထိမ်းအမှတ် အနေနဲ့ သျှစ်သောင်းပုထိုးတော်ကြီးကိုတယ်ခဲ့ပါတယ်။ ရခိုင်ဘုရင်မင်း ရဲ့ ရေတပ်မတော်ကြီးဟာ
သီရိလင်္ကာ နိုင်ငံ ဆီ သို့ချစ်ကြည်ရေး ထွက်ခဲ့ပါတယ်။ အဲဒိ အချိန်တုန်းက ရခိုင်ဘုရင်များက သက်တော်စောင့် အဖြစ် ဂျပန် ဆာမူရိုင်း ကြေးစား ဓါးသမားများကို
ငှါးရမ်းလေ့ရှိကြပါတယ်။ ယခုအခါမှာတော့ ရခိုင်ပြည်ကြီး ဟာ ရခိုင်ပြည်နယ် အဖြစ် ပြည်ထောင်စု သမတနိုင်ငံတော်အတွင်းမှာ ရပ်တည်နေပါတယ်။
ဒီပုံကို NIKON 70 CAMERA , KODAK 200 ASA FILM , NIKON 300 mm TELE ZOOM LENS ကိုအသုံးပြုပြီး သိမ်တော်ကြီးနဲ့
မျက်နှာချင်းဆိုင် တောင်ကုန်းပေါ်ကနေ 2002 January ကရိုက်ခဲ့ပါတယ်။
“ခရီးများများသွားပါ မသွားနိုင်ရင် စာများများ ဖတ်ပါ”
မောင်မောင်လတ်(ချစ်ညို)
ကိုးကား = ဧည့်လမ်းညွှန်နှင့်ဝန်ဆောင်မှု အတတ်ပညာ (တင်သန်းယု)
ရခိုင်သုတပဒေသာ။
မန္တလေးဓါတ်ပုံအသင်းမှကူးယူဖော်ပြသည်

Saturday, 4 October 2014

Mrauk-U-Entrace-gate


မြောက်ဦးမြို့တော်ခန်းမ တည်ဆောက်မည့်နေရာ မင်းညီမင်းသား သင်္ချိုင်းဖြစ်နေသည်ဟုဆိုကာ မြို့ခံအချို့ကန့်ကွက်

================================================================================
================================================================================


ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် မြို့တော်ခန်းမ တည်ဆောက်ရန် သတ်မှတ်ထားသည့် နေရာမှာ ရခိုင် ဘုရင်ခေတ်က မင်းညီမင်းသားတွေကိုမြှုပ်နှံသည့်သင်္ချိုင်းဖြစ်နေသည်ဟုဆိုကာ မြို့ခံအချို့ ကန့်ကွက်မှုများ ရှိနေကြောင်း သိရသည်။
မြို့တော်ခန်းမတည်ဆောက်ရန် သက်ဆိုင်ရာကသတ်မှတ်ထားသည့်နေရာမှာ မြောက်ဦးမြို့၊ ကြက် ဈေးရပ်ကွက်ရှိ ရှစ်သောင်းပုထိုးတော်ကြီးနှင့် အနော်မာပန်းခြံတို့အနီးတွင်တည်ရှိပြီး ယင်းနေရာသည် ယခင် ရခိုင်ဘုရင့်ခေတ်အဆက်ဆက်က မင်းညီမင်းသားများ၏ရုပ်အလောင်းများ ကိုမြှုပ်နှံသည့် သင်္ချိုင်းမြေနေရာ တစ်ခုဖြစ်သည့်အတွက် တန်ဘိုးထားထိန်းသိမ်းသင့်သည်ဟုဆိုကာ မြောက်ဦးမြို့ခံ ၄၅ ဦးက လက်မှတ်ရေးထိုး ကန့်ကွက်ထားကြောင်း သိရသည်။
“ထမ္မရာဇ်ရပ်ကွက်က မြို့သစ်တည်ထားတဲ့နေရာဖြစ်တယ်။ ပြီးတော့ အဲဒီနေရာမှာ ဌာနဆိုင်ရာအစိုးရရုံး တွေလည်း အားလုံးနီးပါးရှိကြတော့ မြို့တော်ခန်းမကိုလည်း အဲဒီနေရာမှာပဲဆောက်စေချင်တာပါ”ဟု မြောက်ဦး မြို့ခံ ဦးကျော်ထွန်းဦးက နိရဉ္စရာသို့ပြောသည်။
သို့သော် ယင်းထမ္မရာဇ်ရပ်ကွက်တွင်လည်း ဒေသခံအချို့ဝယ်ယူထားသည့်မြေကွက်များရှိနေသလို ဌာနဆိုင်ရာရုံးများတည်ဆောက်လိုက်ပြီဖြစ်သည့်အတွက် မြို့တော်ခန်းမ တည်ဆောက်မည့် မြေနေရာ မရှိသလောက် နည်းပါးနေပြီဖြစ်ကြောင်း သိရသည်။
ယခုသတ်မှတ်ထားသည့် မြေနေရာမှာ မင်းညီမင်းသားသင်္ချိုင်းဟုဆိုသော်လည်း မီးသဂြိုလ်သည့် နေရာ သာဖြစ်ပြီး မင်းညီမင်းသားများ၏ရုပ်အလောင်းများကို ယင်းအနီးရှိ တစ်ဘက်ဆည် ဘုန်းတော်ကြီး ကျောင်းဝင်း နေရာတွင်သာ မြေမြှုပ်သဂြိုလ်ခဲ့ကြကြောင်း မြောက်ဦးလူမှုကွန်ရက် ဥက္ကဋ္ဌ ဦးနှင်းထွန်းတိုးက ပြောဆိုသည်။
“ဒီနေရာက နဝရတ်ဟိုတယ်နဲ့လည်း ဆက်စပ်နေတော့ အဲဒီနဝရတ် ဟိုတယ်ဆောက်တုန်းက ဘာလို့ မကန့်ကွက်ခဲ့ကြတာလဲ”ဟု ဦးနှင်းထွန်းတိုးက မေးခွန်းထုတ်လိုက်သည်။
မြောက်ဦးမြို့၏မရှိမဖြစ်လိုအပ်နေသော မြို့တော်ခန်းမတည်ဆောက်ရာတွင် အဆိုပါကွင်းပြင်တစ်ခု လုံးကို အသုံးပြုသွားမည်မဟုတ်ဘဲ ကွင်းတစ်ခုလုံး၏ ၅ ပုံ ၂ ပုံကိုသာ အသုံးပြုသွားမည်ဖြစ်သည့် အတွက် မြို့ခံ များအနေဖြင့် နားလည်ပေးသင့်ကြောင်းလည်း မြောက်ဦးမြို့မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလှိုင် က ပြောဆိုသည်။
လက်ရှိတွင် မြောက်ဦးမြို့ကို အစိုးရက ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (UNESCO) ၏ ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ရန်ဆောင်ရွက်နေပြီဖြစ်သည့်အတွက် ယင်းနေရာတွင် မြို့ တော်ခန်းမကိုတည်ဆောက်လိုက်ပါက UNESCO ၏ရှေးဟောင်း အမွေအနှစ် စာရင်းဝင်ရန် အနှောင့်အယှက် ဖြစ်လာနိုင်ကြောင်း ကန့်ကွက်နေသူများက သုံးသပ်ပြောကြားသည်။
ယင်းနှင့်ပတ်သက်ပြီး မြောက်ဦးမြို့၊ ရှေးဟောင်းသုတေသနဌာနမှ တာဝန်ရှိသူတစ်ဦးက “UNESCO စာရင်းဝင်ဖို့ဆောင်ရွက်ရာမှာ ကျွန်တော်တို့က ဧရိယာ Photo ပေးရတယ်ခင်ဗျ။ အဲလိုပေးတဲ့အခါ ဒီအ ဆောက်အဦးကြီး ပါမသွားဘူးဆိုရင်တော့ ပြဿနာဖြစ်လာနိုင်တယ်။ စောစောစီးစီး တည်ဆောက်ထား လိုက်နိုင်ရင်တော့ ပြဿနာမရှိနိုင်ပါဘူး”ဟု သုံးသပ်ပြောဆိုသည်။
မြောက်ဦးမြို့ကို ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်မှစတင်ကာ အစိုးရက ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် မြေပုံမြို့များဖြင့်ဖွဲ့စည်း၍ ခရိုင်မြို့အဖြစ်တိုးချဲ့ဖွဲ့စည်းခဲ့ပြီးဖြစ်သည့်အတွက် မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရန် ယခု ကဲ့သို့ မြို့တော်ခန်းမတစ်ခုတည်ဆောက်ရန်ပြင်ဆင်ခြင်းဖြစ်သည်။
အစိုးရက ဘတ်ဂျတ်ကျပ်သိန်း ၂ဝဝဝ သုံးစွဲရန်ခွင့်ပြုထားသည့် အဆိုပါမြို့တော်ခန်းမမှာ မြောက်ဦးမြို့ အတွက် အမှန်တကယ်လိုအပ်နေသော်လည်း ပြည်သူ ဗဟိုပြုခေတ် ဖြစ်နေသည့် အတွက် ပြည်သူ အားလုံးသ ဘောတူမှသာ တည်ဆောက်ရေးလုပ်ငန်းများစတင်သွားမည်ဖြစ်ကြောင်း မြောက်ဦးမြို့၊ ရှေးဟောင်းသုတေသန ဌာနမှ တာဝန်ရှိသူကပြောကြားသည်။

Categories

Unordered List

Sample Text

Blog Archive

kokyaw. Powered by Blogger.

Popular Posts

Text Widget